အိပ်​မက်​နဲ့လက်​ထပ်​ချင်​တဲ​ကောင်

စကားလုံ​တွေအုတ်​မြစ်​ခိုင်​​အောင်​ချ
သူကမြို့တစ်​တည်​တယ်
ချစ်​ခြင်​​မေတ္တာအ​ကြောက်းပြု
ကမ္ဘာ​ကျော်​အဆိုအမိန့်တွေနဲ့
လှပခန့်​ညားထည်​ဝါရင်​သပ်​ရှူ့​မော
ကမ္ဘာ​ပေါ်မှာတစ်​ခုတည်​​သောမြို့​လေး​ပေါ့
ကြည်​နူး​ပျော်​ရွှင်​အကိုင်​အခတ်​တ​ဝေ​ဝေ
အချစ်​ပင်​စည်​​ဖြောင့်​စင်း
လေတတိုက်​တိုင်​ရနံတလှိုင်​လိုင်​ပျံလွှင့်
အချစ်​သစ်​ပင်​နံဘေးစမ်​​ချောင်း​လေး
တသွင်​သွင်​စီးဆင်း အို  လှပါ​ပေ့
ရိုးရိုး​လေးနဲ့စကြာဝဠာတစ်​ခုလုံးခြုံလွှမ်း
သန့်​စင်​တဲ့ယဉ်​​ကျေးမှု့နဲ့
ကဗျာ​တွေအချစ်​သီချင်းဖွဖွဆိုညည်း
က.   ​နေပုံများ လီယိုနာဒိုဒါဗင်​ချီ
ပုံတူမဆွဲနိုင်​ပဲမိုနာလီဇာအပြုံးနဲ့နှုတ်​ဆက်
ချစ်​ခြင်းရဲ့လှပခြင်းပန်း​ချီဘယ်​သူဆွဲနိုင်​သလဲ
ချစ်​ခြင်းဟာသူစကားသူ့​ခြေရာနဲ့
တထပ်​တည်​ လ ​ရောင်​​အောက်​မှာ
လမ်း​လျှောက်​လို့ သာယာတိုးညှင်​​သော
မ​နောဓာတ်​နဲ့​လေညှင်းကိုရှူ့ရင်း
အိပ်​မက်​ကလန့်​အနိုး
ဘောင်​ဘင်​ခတ်​တဲ့စိတ်​ကူးနဲ့တ​ယောထိုး
ကျွန်​​တော်​ အိပ်​မက်​နဲ့လက်​ထပ်​ချင်​တဲ့​ကောင်း​လေး​ပေါ့။


Posted via Blogaway

Comments