ကဗျာဆိုကဗျာပဲ
ဘာကဗျာလဲဟုတ်လား
ခေါင်းစဉ်ကြည့်လေ
ဘယ်လိုခေါင်းစဉ်ကြည့်ရမှာလဲ
စဉ်ချင်သလိုစဉ်ရေးချင်သလိုရေး
ဘောင်ခေတ်မထားဘူး
စိတ်အလျင်နဲ့ပဲရေးရေး
အတိတ်ရာဇဝင်ပဲရေးရေး
ဖတ်တဲ့သူကဗျာဆိုကဗျာပဲ
စာဆိုစာပေါ့
အချစ် အကြောင်းငါမသိ
အလွမ်းအကြောင်းငါမသိ
ငါမသိ ငါမရှိ
ဘုရားဟောတောင်ရှိသေး
ရှာကြည့်လေငါဆိုတာ
ကဲ ဒါဆို ကဗျာကိုရှာကြည့်ရအောင်
ဘာက ကဗျာလည်း
ဘယ်လိုစံနဲ့လည်း
မသိလို့ပါဗျာ
တွေးချင်သလိုတွေးရေးချင်သလိုရေး
ပေးချင်သလိုပေးခဲ့တဲ့
ငါ့Message
စကားလုံးတွေကြောင်တောင်တောင်
ဘာကြီးလည်း
နားမလည်ဘူးဟုတ်စ
နားဘယ်သူလည်လို့လဲ
ဦးမန်း
ဦးစိန်
ဦးမင်း
ဘယ်သူနားလည်လို့လဲ
ဘယ်သူမှနားမလည်ဘူး
ပြည်သူတွေအပေါ်လေ
ဒီကဗျာလည်းနားမလည်ရင်
မှတ်ထားလိုက်ပေါ့ကွာ
နားမလည်တဲ့ကဗျာကွလို့။
Posted via Blogaway
Comments
Post a Comment