ထုံးတမ်းဓလေ့ကိုဖောက်ဖျက်
အစဉ်အလားမျာစွာဖီဆန်
ဦနှောက်ရဲ့တွက်ချက်မှု့
လားအစွန်ဘက်
ငါခြေထောက်မရှိတဲ့ခရီသွား
ကိုယ်တိုင်ဖောက်မယ်အစား
အာဒံဧဝတို့ခြေထောက်ကိုဖမ်း
လမ်းဟောင်းပဲလျှောက်ချင်တဲ့ကောင်ပေါ့
နိစ္စဓူဝသက်ပြင်းတွေနဲ့
အငွေ့ပျံနေ့ရက်တွေအတွက်
ငါ့နံရိုးများနဲ့အလှဆင်
တင့်တယ်ခြင်းအတိမ်အနက်
ဖြန်ချ ပြခင်းအသက်ငွေ့ငွေ့တွေသာ
အချစ်မုန်တိုင်းတိုတို
အလွမ်းကမ်းရိုးတန်းရှည်လျား
နေ့နေ့ညည
ဘီယာတွေလွမ်းနာကျ
ဖြူဖပ် ဖျော့တော့တော့
စိတ်ဓာတ်ကျတွေးခေါ်မှု့
ကံကြမ္မာ ချပ်ဝတ်တန်ဆာအပြည့်နဲ့
ကစဥ့်ကလျားပုန်းရှောင်ထွက်သွားတဲ့နောက်
စကားတစ်ခွန်းနဲ့အဆုံးသတ်
ဆုံဖြတ်ချက်မှားခဲ့တာ
လမ်းအိုဟောင်းလေးခင်တွယ်မိတဲ့ငါပါ။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment