ပျော်​စရာ​သေ

ဘာ​ကြောင့်​ညာ​ကြောင့်
မ​ပြောချင်​​တော့ဘူး
ပြေးကြည့်​စရာမလို​တွေးကြည့်​တာနဲ့သိ
ငါ့ရဲ့ ​အော်​သံ ​ခေါ်သံ ပဲ့တင်​သံ
အသံမဲ့ဇုန်​မှာ
နင့်​နှာရွက်​ပိတ်​ကာခြုံအိပ်​ထား
ခန္ဓာကိုယ်​ ရဲ့ အရှားပါဆုံးတွင်းထွက်
မျက်​​ရေစက်​​တွေ
ပါးပြင်​​ပေါ်တလက်​လက်
စိန်​ပွင့်​များအလား
နင်​​ဆော့ကစားဖို့​တောက်​ပ
ငါ့အခန်းနရံမှာချိတ်​ဆွဲ
ငို​နေတဲ့ဂစ်​တာ အသံအိုင်​အိုင်းဆိုညည်း
ခြ​င်္သေ့လိုအသဲနှလုံးတရိစ္ဆာန်​ရုံအပို့ခံရ
ထောင်​ကျ​နေသလိုချစ်​ခြင်းများ
လက်​စ်​ဗီးဂက်​စ်​လို့​ပျော်​စရာ
မြို့အလှကို​ချောင်းကြည့်​​နေရတာ
ခိုပုပ်​​တွေတသ်​အုပ်​ပြီးတစ်​အုပ်
ဘဝဆိုတာအဲ့လိုလား?
ဒလိမ့်​​ကောက်​​ကွေးပြုတ်​ကျ
မအိပ်​ပဲမက်​တဲ့အိပ်​မက်
အသကုန်​​အော်​တဲ့ပင်​လယ်
ရာသီဥတု လှိုင်းထန်​ ပြက်​ရယ်​ပြု နှလုံးသား
နင့်​လက်​မှာ အကြိမ်​ကြိမ်​ ​သေဆုံးရတာ
ပျော်​စရာကွယ့်​။
                  လင်းဆက်​ပိုင်


Posted via Blogaway

Comments