ဘာရယ်ကြောင့်မှန်းမသိ
စိတ်တံခါးတွေပိတ်ထားလည်း
မြင်နေရတယ်
စိတ်ရဲ့သံယံဇာတတစ်ခု
အရောင် အနံ မရှိ
အလွမ်းအရသာတွေက
နှလုံးသားရဲ့တွင်းထွက်ပစ္စည်း။
နှလုံးသားလောကတစ်ခွင်
အဓိပ္ပါယ်မရှိတရှိချိတ်ဆွဲ
တယောတစ်လက်မဟုတ်နာအသေအချာ။
ဒါဝေဒနာလား
ကွေ့ကောက်စွာစီးဆင်း
မာယာမြစ်ထဲဘပိုက်ကွန်မိတဲ့ငါး
နားလည်မှုမျက်ရည်မြစ်ထဲမှာ
တသွင်သွင်စီးဆင်း
ငါ့အသိဥာဏ်မိုက်လုံးကြီးတာလည်း
ငါသိတာပါပဲ။
သူရဲကောင်းတို့နှလုံးသားများ
မကြာခဏ ခွေ ရိုင် လဲကျ
ဖြစ်စဉ်တစ်ခု သီအိုရီမရှိ။
ရေပွတ်ပမာလူ့လောကထဲ
နှလုံးသားထထပွတ်
အစွဲအလမ်းမှာ
မနွှဲစတမ်းခပ်ကြမ်းကြမ်း
ပြစ်ချ ပုတ်ချ
ဒီကောင် လူညံ ငအ
ပြုတ်ပြုတ်ကျတာ
လောကကြီးကအားနာနေမလား။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment