ဘောဒိုဌာအပြုံး

နှလုံးသားတိမ်း​မှောက်
သူစိမ်းတစ်​​ယောက်​လိုလား
တစ်​သက်​လုံးအတွက်​တစ်​ချက်​ပြုံးခဲ့တယ်
မိုနာလီဇာရှုံး သူ့အပြုံး
အော်​ဂလီဆန်​​နေပုံ
လီယိုနာဒိုဒါဗင်​ချီ လက်​မှိုင်​ချ
မား​ကော့စ်​စကီးလဲဘာသိဘာသာ
ကဗျာစာအုပ်​ပိတ်​ တိတ်​တိတ်​အိပ်​​နေပြီ​လေ
ရေးနွား ပန်​ချီတစ်​ချပ်
ရှက်​ရွံ့စွာ​ခေါင်းဝပ်​ ​နောက်​ဘယ်​​တော့မှ
ပန်​ချီမဆွဲ​တော့မဲအ​ကြောင်း ​မောင်းခတ်
အော်​ဂလီဆန်​ ​အောင်​လှတယ်​ဗျာ
က​လေး​ရေကမ္ဘာ​ကျော်​​တွေထွက်​​ပြေး
နင်​လှတယ်​​နော်
ငါ့ကမ္ဘာမှာနင်​အလှဆင်ချင်ဆင်​​လေ
နှုတ်ဆက်ခြင်းလက်​ဆာင်အဖြစ်
တစ်ွ​​လုံးချိတဆွဲဖို့ ပုပ်​ပွ​နေတဲ့
မမ်​မီအပြုံးနဲ့​လေ
ငါ့နှလုံးသားရဲ့နာမည်​​ကျော်
ဒီမမ်​မီအပြုံး ဟယ်​ရီဆင်​ဖိုဒ့်​နဲ့
မ​တွေ့ပါ​စေနဲ့​တောင်းဆုပြုရင်း
ပြတိုက်​ဟာကျူး​ကျော်​နယ်​​မြေထဲ
မားမားမတ်​မတ်ရပ်​နတုန်း
ွဘော်ဒိုဇွာ​​ချက်​အထိုး
အကုန်​ပြိုအကျ
ကျွန်​​တော်​​ဘော်​ဒိုဇာအပြုံး​လေနဲ့
ကျွန်​​တော်​လမ်း​ပျောက်​​နေပါပြီ
လူကြီးမင်းများခင်​ဗျာ။

          လင်းဆက်​ပိုင်


Posted via Blogaway

Comments