ခဏခဏချွဲနေကျ
အလိုမကျမျက်စောင်းခဲ့ပုံက
တမင်စိတ်ဆိုးဟန်ဆောင်ပုံအဆုံး
အရာအားလုံးကဗျာဖြစ်။
အချစ်မှာအာရုံမှောက်ခဲ့
ရုပ်ပျက်ပြာနှမ်စေပါသလား
သွားပါ မချစ်တော့ရင်
ဂန္ထ၀င်စိမ်းနဲ့နှုက်ဆက်
စိတရှုပ်ယှက်အောင်လုပ်ခဲ့တာ။
ငါကလည်းငါ
အချိန်တိုင်းသတိရ
တစ်ဒသမစက္ကန့်ဒသမမျက်တောင်တစ်ခတ်
ကြွမ်နှုန်းနဲ့တွက်ချက်
Frequencyတွတောင်ငိုး။
နှလုံးသာကတော့ပြိုးတယ်
ပဲ့တငပြန်လာတဲ့ကြိမ်နှုန်း
တစ်သက်လုံးအတွက်တစ်ကြိမ်နှုန်းနဲ့
မုန်းတယ်ဆိုတဲ့သူ့အပြော
ကဲ အခုအိပ်မွေ့ချခံလိုက်ရတဲ့စကားလုံး
ကဗျာထဲမှာကခုန်
လမ်းလျှောက်
စိတ်ဖောက်
သူစိတ်ကောက်တဲ့အကြောင်း
ကျွန်တော်နှလုံးသားအဘိဓာန်များသာ
အခုပဲသော့ခတ်။
ယောကျာင်္းကမ္ဘာကိုမွှေနှောက်
မိန်းမကြောင့်ဘဝပျက်သောယောကျာင်္း
နင့်ကြောင့်ကမ္ဘကြီးဗြောင်းဆန်နေ
မပြောချင်တော့ပါ
ရာဇဝင်ထဲမှသူရဲကောင်းများသက်သေ။
သစ္စာတရားကိုRappingရွက်
ဘိ ဖလိုး ဆိုပုံဆိုပေါက်
အီမီနမ်တောင်ငို။
သံပြိုင်အော်တဲ့ပဲ့တင်တဲ့အသံတောင်
ဥပေက္ခာနဲ့ဟာမိုနီလိုက်
ကြိုက်တဲ့သူဆက်နားထောင်ပေါ့
စဉ်းလဲကောက်ကျစ်မှု့နဲ့လမ်းလျှောက်
ရိုးသားခြင်းအတိပြီးသောမျက်နှာဖုံးနဲ့
ပကတိနင့်အပြုံးပျော်လိုက်မော်လိုက်ဦးပေါ့။
လင်းဆက်ပိုင်
Posted via Blogaway
Posted via Blogaway
Comments
Post a Comment