ကဗျာဆိုတာငါပဲငါရေးတာကဗျာ
ကဗျာဆိုတာငါ့သတ်မှတ်ချက်
ငါ့စံနှုန်နဲ့ကိုက်မှကဗျာဖြစ်တယ်
ငါရေးသလိုလိုက်ရေပေါ့။
ကဗျာတစ်ပုဒ်အလှတရား
ငါတိုသိတာပေါ့
နှလုံးသားမည်းညစ်
ကွေ့ကောက်နေတဲ့မြစ်လေ
ပြည်သူတွေခံစား(ဆား)
ချက်မနေနဲ့အကြံကုန်နေပြီ
ဘိုးဘွားအမွေသံယံဇာတ
အကျန်တွေကုန်နေပြီ
ပြည့်သူ့ရနံမပါရင်
ကဗျာမဖြစ်ဘူးလား
ငါကDSAကျောင်းဆင်း
ငါရေးသမျှဟာကဗျာပါ
ပြည်သူ့ခံစားချက်ငါတို့သိတယ်
ခံစားချက်တွေပေါက်ကွဲ
မူလပထမအဇ္ဈတ္တနဲ့
ကိုယ့်သမိုင်းကိုရေး
ကိုယ့်ကဗျာကိုရေး
ရင်တွင်းကတဖျင်းဖျင်းစီးဆင့်း
ဒီကဗျာထဲမှာ
အလှဆုံးစာတသ်ကြောင်း
ဘုန်ကြီးကျောင်းကိုချိတ်ပိတ်
ငါးပါလောက်ထောင်ချ
နင့်ခနဲနင့်ခနဲ
ကောင်းလိုက်တဲ့အရေးအသား
ကဗျာအရှိန်အဟုန်
မာန်ပြင်းပြင်းနဲ့ချရေး
ကဗျာဒုထည်ကြီးကိုထိပါးရင်
အကြည့်များနဲ့ဥွေားနိုင်သလို
ငါတို့အနာဂတ်မှာ
ဒီကဗျာလှနေမှာပေါ့
ယုံကြည်ချက်တစ်ခုပေါ့
ငါကဗျာဟာတိုးတက်လားတယ်
စိတ်ဓာတ်အောက်တန်းကျခြင်းနဲ့
ဘာပဲပြောပြောလေ
ငါဟာကဗျာဆရာ
ခံစားချက်စစ်စစ်
အဖိုတန်ခေတ်ပုံရိပ်
အသွေးအသားအရေးအသား
ဒါဟာငါ့ဘာသာစကား
Post mordernကဗျာလောက်တော့
သ န တယ်
ငါ့ကဗျာလောက်
ခဏတောင်မလှဘဲ
ဟစ်ကြွေးမနေနဲ့
ဒါဟာစိတ်ပုံရိပ်ထဲကခေတ်ပုံရိပ်
ပြုံးပြုံးလေးပဲ
ငါဆက်ရေးနေဦးမှာ
နောက်တစ်ပုဒ်ပေါ့။
လင်းဆက်ပိုင်
ကဗျာ=အာဏာ
ီ
Posted via Blogaway
Comments
Post a Comment