ပထမအကြိမ်ရဲရင့်ခြင်းအဖြစ်
သူရင်ဘတ်ကိုဆွဲအဖွင့်
တိုက်ခတ်လာတဲ့လေညှင်းမှာ
မာယာနဲနဲ
ပလီပလာသြဝါဒနဲ့
မညီမညာထွက်ကျလာတယ်။
အချစ်ဆိုတာ
ရည်းစာတစ်ထောင်လင
်ကောင်တစ်ယောက်တဲ့
မရေမရာအက္ခသစ်နဲ့
ကျွန်တော်
ယုန်တစ်ကောင်လို စိတ်နု
အသံကြားတာနဲ့လန့်လန့်လာတယ်။
အချစ်အကြောင်းစာလုံးပေါင်းမှားနေခဲ့တာကြာပါပြီ
ခံစားမှုမသိတော့တဲ့
ဘဝခါးခါးတွေအတွက်
အချစ်ဟာ ရောင်းကုန်လား?
ရိုးအီနေတဲထွက်ဆိုချက်တွေ
ဘဝဆိတြာအသံသာတူ
ကံကြမ္မာမတူဘူး။
ပထမအကြိမ်ရဲရင်ခြင်းဟာ
ရင်ဘတ်ကျိုးကျေ
ရိုးရိုးလေးနဲ့
ပထမရခဲ့တာပဲ။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment