နုပြီးပြိုတယ်

ဘဝ​ဒေသ ​ဝေဒနာ​တွေ
ကောင်းကင်​​မြေပြင်
ဖြတ်​သန်းလာတဲ့ပတ်​ဝန်​ကျင်
စိတကူး​တွေသိပ်​ရူး​နေသလား
ဓာတ်​မှန်​တစ်​ချပ်​ရိုက်​ခဲ့တယ်​။
အချိန်​တိုင်းစိတ်​​တွေနုပျိုဖို့
စိတ်​အ​ရောင်းဆိုင်​ဘက်​​ခြေဦးအလှည့်
ကြေကွဲမှု့​တွေနုပြိုလို့ဟ!!!
ဈေးမဆစ်​ပဲလှည့်​ပြန်​ခဲ့တယ်​။
ကာ လ ​တွေ  နာ....
အနာစရာ​လေး နုပျိုလက်​ဆတ်
ကြည့်​လိုက်​စမ်းပါ
ကောင်းကင်​ပြိုတဲ့ညမှာ​လေ
လ ထိန်​ထိန်​သာ လှတယ်​ဗျို့!။
ဘဝဆိုတာ
ကျွန်​​တော်​ကြိုက်​နှစ်​သက်​တဲ့
ချို​ပေါ့ကျလ္ဖက်ရည်​တစ်ခွက်
ဖက်​ကြမ်းတစ်​လိပ်​နဲ့ဘဝကိုမီးညှိ
အဆုတ်​ကိုမှိုင်​ဆွဲအစက်​ရှူကြပ်​တာပဲ
အဖတ်​တင်
ဘာလုပ်​လုပ်​အ​မော​ဖောက်​တာ​ပေါ။့
ကံတရာကိုဥာဏ်​မများဖို​တောင်းဆို
ကဗျာမဖြစ်​​သေးတဲ့​ကောင်​မ​လေးက
ိုလွမ်း​နေမလို့။
ဥုံဖွ ကံတရား ကံတရား ကံတရား
ဒီဂါထာ တကာ်​စွမ်းမလား
တကယ်​က နုပျိုတယ်​ဆိုတာ
နုပြီး ရင်​ပြိုတာလား?
ဒါဆိုငါ့ကံတရား
နုပြီးပြို​နေတာ​ပေါ့

လင်းဆက်​ပိုင်


Posted via Blogaway

Comments