သက်ပြင်းပေါင်းကုဋေကဋာကို
ဖြတ်ကျော်ပြီးတဲ့နောက်
ငါဟာဒီအခန်းထဲကိုရောက်တယ်
ပျိုးခဲ့တဲ့ပန်းခင်းအသေတွေ
နသ်ခင်းလုံးကြွေ
မိန်မလှအကြည့်တွေအကုန်
ုမြှားနတ်မောင်ရိတ်သိမ်းသွား။
ကဲ အခု ရောက်လာပါပြီ
ချီးထုပ်မ အမှိုက်စတွေပိုက်လို့
သူ့ချစ်သူဘယ်လိုပြစ်ထားခဲ့ကြောင်း
ဆိုင်းဝိုင်းထဲက ဗုံတွေလ်ု
ပတ်လည်ပတ်ကုန်း
စကားလုံးတွေနဲ့တီးပြ
နားဆူတဲ့ည
ပတ်မကြီးကိုထိုးဖောက်ချင်ခဲ့။
တကယ့်ဘုရားစူး
ဇာတ်ဝင်ခန်းတစ်ချို့
ဒီတစ်ကြိမ်ကြုံတဲ့ လွမ်းခန်း
ဖြောင့်ချက်ပေရန်
နှလုံးသားကြိုးစင်တက်ခဲ့တယ်။
စိတ်ကူးတွေက
ပတ်ကြားအက် ကျက်တီးမြေပမာ
ချစ်ခြင်းဆိုတဲ့ရေမလောင်းသမျှ
ညှိုးနွမ်းနေမယ်။
ရေငတ်မှလဘဝမှန်သတိရ
သြော် ငါက အညတရ။
ချစ်မိတာငါ့မှာအပြစ်မရှိ
ဝဋ်နာကံနာဒီဝေဒနာ
ရောက်တက်ရာရာပေါက်တက်ကရ
ဆေးမှီးတိုတွေနဲ့ကုသ
ဆောက်တည်ရာမရလှုပ်ရွကာ
ဂဏာမငြိမ်တဲ့နှလုံး
မေတ္တာနဲ့သစ္စာတရာအပေါ်
အကြည်အညိုမလျော့ခဲ့
ဒီဝဋ်ကြွေးအပြစ်အတွက်
ကောင်ကင်နဲ့မြေကြီးကိုတိုင်တည်
နောင်သံသရာအဆက်ဆက်ကြေပါစေ။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment