Wed တစ်ခုံလုံး တွေတဲ့သူတိုင်းလိုက်မေး
အချစ်ဆိုတာ ကိုယ့်ကိုကိုယ် ဆွဲကြိုးချသလိုလား
အဲ့ဒါကြီးကိုချစ်တယ်ကွယ့်။
အချစ်ငတ်မေသူုတစ်ယောက်လို
နင့်နံရိုးလေးကိုမျှော်
ဘ်ာအချိန်ပြုတ်ကျမယ်မသိ
ဂျစ်ကန်ကန်နင့်ပုံစံလေးလဲ
အိုးးး ချစ်တယ်ကွယ့်။
ညညအိပ်မက်ထဲမှာ
ရှေင်တခင် လျှက်တပြက်လာပြုံးပြ
ယောက်ရမ်းပြီး နင့်အပြုံးနောက်
ငါ့စိတ် ကောက်ကောက်ပါလိုက်သွား
ကုတင်ပေါ်ကပြုတ်ကျ
အဲ့ဒါကြီးလဲ ချစ်တယ်ကွယ့် ။
နံနက် နံနက် ငါ့ဖုန်းထဲ
Message တစ်စောင်တလေ
Miss call လေးများရှိသလား
ကြည့် ဖွင့်ရတာမော...
စိတ်တွေ ဂယေင်ခြေက်ခြားနဲ့
အိုးးး ချစ်တယ်ကွယ့်။
မြောက်လိုက်ဘပြစ်ချလိုက်နဲ့
ဲအဲ့တာကြီးကို
ချစ်နေတာကွယ်
အို မဟားဒယား
နင်နဲ့ပတ်သတ်သမျှအရာအားလုံး
နေ့ညတွေ ဘဝတစ်ခုလုံးပါပဲ
ပုံအပ်ချင်ခဲ့တာကို
နင် အင်တင်တင်လုပ်မေတာလဲ
အိုးးး ချစ်တယ်ကွယ့် ။
နားလည်မှု့တွေပေး
ဘာလုပ်လုပ်အပြစ်မမြင်
အရာအားလုံးခွငမ့လွတ်
ချစ်တယ်တစ်ခွန်းပဲပြောခဲ့ပါကွယ့်။
ကန္တာရထဲမှာ
ကိုကာကိုလာသောက်ရသလို
အိုအေစစ်လေးကိုမျှော်လင့်လို့
အိုးးး ချစ်တယ်ကွယ့်။
ငါ့ကို အရူးဆိုတဲ့ပုံစံနဲ့မကြည့်ပါနဲ့
နင်နဲ့ပတ်သတ်သမျှရူးနေတာ
စကားတေစ်ခွန်း အပြုံးလေးတစ်ချက်
ငါ့နှလုံးသားကို ပွေ့ဖတ်
နွေထွေးစွာကြိုပါတော့ကွယ်
အိုးးး ချစ်တယ်ကွယ့်။
သံသရာတစ်ခုလုံးစာ
ချစ်နေမိတော့တာ
နင်မသိချင်ယောင်ဆောင်
မြောက်လိုက်ခြောက်လိုက်နဲ့
အိုးးး မဟာဒယား ကြီးကို
ချစ်တယ်ကွယ့်။
လင်းဆက်ပိုင်
#လွှတ်ပစ်ခဲ့သော
✖ ✖ ✖ ✖ ✖ ✖
နင့်ဆံစမှာပန်ဆင်ဖို့
နင်သာအလင်းဖြန်းပတ်လိုက်
ငါက ကုမုဒြာမို့ပါ
တစ်ခုခုကို မျှော်လင်ဘဖို့
ဒါဟာ
ကံစမ်းမဲ မပါတဲ့ ၀ိုင် ပုလင်း
နင်ဘယ်တော့မှမခေါ်တဲ့ ဆွံ့အနေတဲ့တယ်လီဖုန်း
ဇလဗေဒလိုခန့်မှန်မှု့
ဖြစ်နိုင်ခြေ
ဘာမှမရေးထားတဲ့ဗလာစာရွက်
ဒါမယ့်လေဗျာ လောကမှာ
ယုံကြည်ချက်လွဲရင် ဘဝပျက်နိုင်လား
ငါ့ကိုယ်ငါ လှည့်စားပြီးမှ
အလွမ်းတွေ ဇိမ်ခံဖို့ရာ
မက်မက်မောမောစည်းစိမ်တစ်ခု
ရိုးသားဖြူစင်မှု့အတွက်
နငိ့အလံတလူလူ
တဖက်သတ်အနိုင်ယူခဲ့တာ
ငါ့အသဲနှလုံးသရဖူကို
နင်ခေါင်းမှာ စွပ်ပေးဦးမှာ
ဒဏ်ရာကို အံကြိတ်
ပြုတ်ကျလာတဲ့နှလုံးသား
အမှန်းတရားကို ကျမ်းကျိန်
သဗ္ဗေသတ္တာ ကမ္မသကာ။
လင်းဆက်ပိုင်
#စောင့်ခဲ့တယ်
♪ ♪ ♪ ♪ ♪
ညရဲ့တိတ်ဆိတ်ခြင်းနဲ့
လရောင်တွေလျံကျ လှလှပပ လေး
ငါ့နှလုံးသားနဲ့ဦးနှောက်
အရိပ်မခိုနိုင် ပူဆွေးရီငေး
ညများစွာအသေင်္ချ အနန္တ
မျှော်ငေး
ကြယ်တွေသေတဲ့ည
လဟာတိမ်ထဲပုန်းကွယ်
နှင်ဆီပန်းတွေမီးလောင်
မျက်ရည်မိုးနဲ့ ပြန်စိုက်ပျိုးရမယ့်အထာ
အချစ်ဟာမိတ္တူနဲ့ ချုံ့ ချဲ့ လို့ရပါသလား
ဒဏ်ရာတွေ ရော
ပုံမှန် အတိုင်းသစ်နေဆဲ
ရွှင်မြူးပျော်ရွှင်ခြေရာတွေ ရေတွက်
ကြေကွဲစရာ ဒဏ်ရာတွေ ဆူညံ
နေ့ဖို့ညစာမချန်
အချစ်ကိုမော့သောက်ဖို့စောင့်စား
နှစ်တွေကြာလေလှိုင်ထန်လေပဲ
ပြာလွင်လွင်ကော်းကင်ထက်
ဝင်သက်ထွက်သက်လွှင့်တင်
အေးစက်ငြ်းတွေကုန်ခမ်းတဲ့အထိ
ဒီနေရာက စောင့်မယ်
ပြိုနေတဲ့စိတ်စွဲလမ်းမှု့
ငြိမ်လွတ်ချမ်းမြေ့ဖို့
ဒီနေရာကစောင့်နေမယ်
လင်းဆက်ပိုင်
ဲ
့
ု
Posted via Blogaway
Comments
Post a Comment