ဘာသာစကားရာသီ

မိုးဦး တဖြိုက်​ဖြိုက်​ရွာချ
ပုလဲ​ကောက်​သူမရှိခဲ့
အညတရ​ကောင်​ ရဲ့ သုံညများ
အ​ခြေခံတာ အ​ခြေမှာတင်​ခံ​နေရ
မနည်း(အတင်း)နှုတ်​ဆက်​လိုက်​ရတယ်
မိုးဦး​လေနီကြမ်း​တွေ နီ​ဆွေး။

ဆောင်းနှင်းစက်​များဟာ ငါ
ချယ်​ရီ​တွေ ရဲရဲ​တောက်​ ပ
ငါ့က်ုမလိုအပ်​​တော့ဘူးတဲ့
လက်​ခံသူမရှိတဲ့နှင်းစက်
ငါ့နှလုံးသားကို ငါ နှင်း​ငွေ့ပြန်​ရိုက်
အရိုင်းဆန်​တဲ့ အတ္တပုံ​ဆောင်​ခဲများ
နှုတ်​ဆက်​ခဲ့ပါတယ်
ဆောင်​သေရာသီ​လေးရယ်​။

နွေ အလွမ်းရင့်​ ရွက်​၀ါများ
တဖြုတ်​ဖြုတ်​ ​ကြွေ
မြေခ သခင်​​ခြေရင်းမှာ
ဖွဖွ​လေး​ကောက်
ုပြီးမှ မီးရှို့လိုက်​ ငါက အမှိုက်​စ​လေး​ပေါ့
သြဥ​တွေ အီ​နေတာ ငို​နေတာ
ပုရစ်​ဖူးကို ကြိုဆိုး​တေးလား
စိမ်းလန်း ....။

နှလုံးသား ခဏခဏ
ရွက်​သစ်​​တွေ လဲလှယ်​ ​ဝေ​နေတာ
တစ်​ရာသီစာ ချစ်​ခြင်း များ

လည်​ပတ်​​နေဆဲ
အချစ်​သင့်​တာလား
ခေတ်​သင့်​တာလား
ဒါဟာ ငါ နားမလည်​တဲ့
ဘာသာစကား
ရမ္မက်​ လွန်​ကြိုး တင်းလွန်​​လေစွ။

            လင်းဆက်​ပိုင်


Posted via Blogaway

Comments