အက်ဆစ်နဲ့ နှလုံးသားကိုညပတ်မှ
သေတာမဟုတ် တော်ဝင်စကားလုံး
မုန်းတယ်ဆိုတာနဲ့တင်လှပ သေသတ်
မသေ သေအောင်သတ်လိုက်ပါ။
လောကဓံ တရား ကိုယ်တွေ့
ငါ့အသဲနှလုံး ကျွဲပခုံးထ
ထ ထ စတ္တဇနာမ် စကားလုံးများ
က က စိတ်ရဲ့မွနမမြတ်မှု့နဲ့
အစစ်တွေရှား ရှားလာတာ။
နှင်းဆီတွေ တပွေ့တပိုက်
ချောကလက်ရည်ထဲ ထိုးနစ် ထိုးပြီးနစ်
ပြီးမှ ပြီးမှ ပြီးမှ
ခြေထောက်နဲ့ နင်းးးးပြီးလျှောက်
သက်ပြင်းချသံ ကြေကွဲနေပါပြီ ။
ဥယျာဉ်မရှိလဲ ဒီပန်းကပွင့်နေမှာ
လေးလံဝန်ပိနေလည်း....
နောက်ကျိကျိ ဦးဏှောက်အတွင်းသားဟာ
နင် နဖားကြိုးထိုးတဲ့ ငါ့စိတ်
အခုချိတိပိတ် သင်္ခါရ မီးခိုးငွေ့နဲ့
ထစ်ချုန်း စွာ ရွာချလိုက်တယ်။
ဒီ ယန္တရား သံပါတ်ကုန်ရင် ရပ်လိမ့်မယ်
အတ္တကို နုတ်ဆက် ရုပ်ပျက်ဆင်းပျက်
စိတ္တဇနာမ် ဖူးဝေ ဖို့ အရေးတကြီး
လိုအပ်ပါသလား။
လင်းဆက်ပိုင်
..................
#ဆွံ့အခြင်းနောင်တ
လျှို့ဝှက်ထားတဲ့ စကားလေးတစ်ခွန်း
နင်နဲ့တွေ့တိုင်း တေမိ
ငါ့နှလုံးသား ပေတိပေကပ်
ပြောမထွက်နိုင်ခဲ့။
မြတ်နိုးခြင်းအတိပြီးသော
နှောင်ကြိုးတစ်စ သံမဏိလို
နင်ချည်နှောင်ဖို့ရာ
နှလုံးသားချည်ခင်မှာ အစရှာမရ။
ဘယ်ကစပြောရမလဲ စဉ်းစား
K.pop အကြောင်းလား
ဂျက်စတင်း ဆလီနာဂိုမက်စ်
အိုးးး မဟုတ်သေးဘူး
ဘွန်ဂျိုဗီသီချင်းစာသားလေး
I need you
I miss you
I hope you...
မဆိုပြရဲ။
ဘယ်ကစပြောရမလဲ ညာကစပြော
ညာပြောကြည့်တယ် စားပြီးပလား
အဲလိုကိုယ့်ကိုကိုယ်ညာတဲ့အခါ
ဖိုးတွမ်တီး မဖြစ်ဘူးလား
ချစ်တာကို တောင် ချစ်တယ်ဖွင့်မပြောရဲတဲ့ကောင်
အချစ်ကိုသစ္စာဖောက်တဲ့ကောင်လို့
အချစ်ကပြောတဲ့အခါ
Platonic လို့ထပ်ညာ
ဆက်ကာစီကာ ညအခါ
နှလုံးသား ညည်းသံဟာသနားစရာ
ထားပါ။
Posted via Blogaway
Comments
Post a Comment