ပစ်​ကိုထားခဲ့ရတယ်

ဖန်​ခွက်​တစ်​ခွက်​ကျကွဲသလို
အသဲကွဲတယ်​ဆိုတာ
Supet glue နဲ့ ပြန်​ကပ်​လို့မှမရတာ
ဆိတ်​ပါးစပ်​မ​လေး​ရေ
နငမ့ပါစပ်​ကအချစ်​ဆိုတာကြီးကို
နင့်​လည်​ပင်းမှာချိတ်​ ​ရောင်းရန်​ရှိသည်​ဆိုတဲ့
ဆိုင်​ဘုတ်​ချိတ်​ထား
Wanted ဇာတ်​ကားထဲကလို
နင့်​ပစ်​ချက်​မျာ
နောက်​လူ​တွေလည်းသနာစရာ
အချစ်​ဆိုတဲ့စကားတစ်​လုံးပြီးတစ်​လုံးအမှားများ
ပေါက်​​ပေါက်​တစ်​ပွင့်​ပြီးတစ်​ပွင့်​ ချ​ကြွေးထား
ငါစာမြင်​ပြီး ငါးမျှာချိတ်​မမြင်​တဲ့​ကောင်
ငါ့မှာမအားမလပ်​ပျိုးခင်းအ​သေ​တွေပျိုးလို့
ပေါင်းနှုတ်​မြက်​ရိတ်​ဖို့ အချိန်​မရှိ
အသဲကွဲခြင်းလမ်း​ဖြောင့်​တန်းလို့
အချစ်​ဟာ ယန္တရား ပျက်​ကြီးလို
လည်​ပတ်​​နေတာ
အခုဆိုကျင့်​သားကိုကျလို့
အာရုံများ ​ဖြေလျာ့ထားလိုက်​ပါ
စိတ်​တံခါး​ပေါက်​ မလှုပ်​မယှက်​ငြိမ်​သက်
အ​ရေအပြား အ​သွေးအသား​အေးစက်​စက်​နဲ့
ဒိုးလျှို​ပေါက်​အတိုင်း ပါးစပ်​ပိတ်​​လျှောက်
ထားခဲ့မယ်​ ထားခဲ့တယ်
ထကြွကုန်းထ​နေတဲ့စကားလုံး​တွေ
ဦး​နှောက်​ထဲမှာ ရီး​လေခိုလို့​ပေါ့
ပစ်​ကိုထားခဲ့ရတယ်​ ။
လင်းဆက်​ပိုင်


Posted via Blogaway

Comments