အသံ​တွေ​ဆွေဖြိုး တဲ့​နေ့

အသံတွေဆွေဖြိုး တဲ့ နေ့

....................လင်းဆက်ပိုင်.........

ကံမကုန်ရင်ပြန်ဆုံကြမယ်ဆိုတဲ့ စကားကြီးကို
မုန်းတယ်။
ပြန်ပြီမဆုံချင်တော့ဘူးလေ
အချစ်။
ပျက်စီးအောင် တဖက်စောင်း နင်း နင့် ခဲ့
ပြီးပြီပဲ။

သံသရာကုန်အောင် ခြေဆန့်သွားပါ
နှင်ဆဲ။
မျက်လုံးတွေ စိတ်မပါပဲ စိုစိုရွှဲ အောင်
လုပ်တယ်။
သမုဒယကို ထိပ်ပုတ်ခေါင်းပုတ်
ယုတ်တယ်။
နှုတ်ခမ်းကွေးကွေးတွေ တသီတတန်းကြီး
ငါ စုပ်တသက်သက်ဖြစ်ရတယ်။

မြူမှုန်းတွေ မိုးစက်တွေ ပန်းပွင့်တယ်
အနုသရ။
တယုတယပျိုးဖို့မှမတန်ဘူး
ငြိမ့်ငြိမ့်ခါ။
အေးစက် ချွန်ထက် ဆူးဖွေးဖွေးနဲ့
ရေခဲဆူးဆပ်သင့်။

မမြင်ရတဲ့ပုံဆောင်ခဲနဲ့ ပစ်ခွင်းထိုးဖောက်
ငါသေခဲ့ပြီ။
ရန်ခုန်သံရပ်တန့်သွားတာ
သေတာပဲ။
လှောင်ရယ်သံမိုး သံကုန်ဆွေ။


Posted via Blogaway

Comments