ကျုပ် ရင်ထဲက စကားများ နားထောင်ကြည့်
ငါ့နှလုံးသား ထဲက အသဲနှလုံးမင်းပါပဲ
အခု မြုံနေတဲ့ အင်္ဂါအစိတ်ပိုင်းကလည်း
အသဲနှလုံးထဲက အတွင်းသားပါပဲ.....
ဒီမယ်ဗျာ အသဲခွဲလိုက်တယ်လို့မပြောနဲ့
ကျုပ်က ချစ်နေတာ သီးသန့်  ပါပဲ
ခင်ဗျာဆီက ငတ်ကြီးကျပြီး ဘာမှမလိုချင်ဘူး
သေတဲ့အထိ ချစ်နေယုံပဲ ဗျာ
ခင်ဗျာလှောင်ပါ ပြောင်ပါ ကဲ့ရဲ့ပါ
ခင်ဗျာလည်း ကြိုက်တဲ့သူနဲ့ ချစ်ပေါ့ဗျာ
ဘာဖြစ်လဲ ....ကျုပ်နဲ့မဆိုင်ဘူးဗျ...
ခင်ဗျာသိထားရမှာ ကျုပ်ကချစ်နေတယ်ဆိုပဲ
ပြန်ပြီး ချစ်ချင်ချစ်ပေါ့
အပျော်ကြံချင်လဲကြံပေါ့..
ဥပေက္ခာ ပြုချင်ပြုပေါ့ဗျာ
တစ်ခုပဲ ကလီကမာတော့မလုပ်နဲ့
ခင်ဗျားနဲ့ကျုပ် ရေးစက်ရှိသလောက်ပဲ
ရင်းနှီးခွင့်ရှိတာ ကျုပ်သိတယ်ဗျာ...
အဲ့တော့ ခဏတာလေးမှာ ကျုပ်ချစ်နေမယ်
သေကွဲနဲ့ ရှင်ကွဲပဲ ရှိတာပါဗျာ...
အားလုံးဟာသေမှာပဲ.....
အချစ်ဆိုတာကြီးကို ရေးကြီးခွင်ကျယ် မအော်ဘူး
ဘဝမှာ အရေးကြီးတွေ အများကြီးဗျ
အချစ်တစ်ခု အတွက် အလုပ်တော့အရှုပ်မခံဘူးကွာ
ခင်ဗျာကို ကျုပ်နောက်ဆုံးပြောမယ်ဗျာ
ရိုးရိုးရှင်းရှင်းပဲ ပြောမယ်...
ကျုပ်နဲ့ တစ်သက်လုံးပေါင်းသင်းနိုင်ရင်လာခဲ့
အချိန်မရွေးလာခဲ့ ...
တစ်ခုတော့ရှိတယ်
မုဆိုးမဖြစ်မှတော့မလားနဲ့
ကျုပ်က ခင်ဗျားရဲ့ရနံ့ပဲမြတ်နိုးတာ
သူစိမ်းတစ်ယောက်နဲ့ စပ်ယှက်ပြီးရင်တော့
လက်သင့်မခံဘူး....ကျုပ် အတ္တကြီးတယ်ထားလိုက်ပေါ့
ခင်ဗျား မရှင်းရင် နောက်တစ်ခေါက်အစကပြန်ဖတ်
ဒါပဲဗျာ......
ကျုပ် ခင်းဗျာကို ချစ်တယ်ဆိုတာသိရင်ပြီးတာပဲ
ခန့်ပိုင်မှူး
Posted via Blogaway
Comments
Post a Comment