ကလေးသိပါစေ
:-P :-P :-P :-P :-P
မိုင်တွေဘယ်လောက်ခြားလဲ
စိတ်ချင်းဆက်ထားတယ်ဆိုရင်လေ
စိတ်နှစ်ခုကိုကြိုးကျစ်
အခုရီးလေခိုစီးကြမယ်
ကံကြမ္မာ ဆိုတာကို
မယုံကြည်ပါ
ကံစီမံရာလို့မပြောကြေး
နှစ်ဦးသားစိတ်အာရုံတွေ
ထပ်တူကျခဲရင်
ဂြိုလ်ဆိုးနက္ခတ်တွေ
ဝင်လာလို့မရ
အခု နင်က
စွန့်စားဖို့မရဲ
ကံကြမ္မာ ကို အပြစ်ပုံချ
ဝေးရဲ လွမ်းရဲ
လမ်းခွဲရက်တယ်ပေါ့လေ
ထွက်သွားတဲ့သူနဲ့ကျန်ရစ်သူ
ဘယ်သူပိုနာကျင်လဲ
မေးခွန်း တွေ....
ပစ်စလက်ခတ်ဝေးကြဖို့
ရင်ခွင်ခြင်းပစ်ခတ်ခဲ့ကြတာလား
ငါ့မှာမချိနင့်နင့်ခံစားချက်စင်စစ်တွေ
ပြိုကွဲ လဲကျ
အိပ်ပျက်ညတွေက
အသေင်္ချ အနန္တ
စိတ်ပျက်စရာတွေထားခဲ့
စိတ်အေးချမ်းဖို့ဆံပင်ရိတ်တော့မယ်
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment