အသက်​ရှူခုန်​သံများ

အသက်ရှူခုန်သံများ
♡ ♡ ♡ ♡ ♡ ♡
ရင်ခုန်သံဝှက်တမ်း ကစားတဲ့နံနက်ခင်းလေး
အားရပါးရ နှုက်ဆက်သံ တိတ်ဆိတ်
မမြင်ရတဲ့ သတိရခြင်းကို တက်တူးထိုး
အသဲညည်းသံ တိုးသက်သက် ....

အာရုံဏ်မှားတဲ့နံနက် သွေးတက်နေလား
ချစ်ခြင်းက စိတ်လိုလက်ရ စိတ်ဆင်းရဲတယ်
အလွမ်းဆိုတာ လွယ်လွယ် ရခဲ့တာမဟုတ်ဘူး
လွမ်းနေရတာလေးကို ငါချစ်နေ........မိ

အလွမ်းဘောင်ကွပ်ထားတဲ့ သတိရခြင်း
လက်ဆောင်မွန်လေး.........အင်း အင်းး
မင်းလက်ခံပေးပါ ငါ့ညည်းငြူးသံ များ
ရှင်..ဗလိုင်းကြီးပဲ
အဲလိုမပြောနဲ့ကွာ.....နော်

စိတ်ခြေရာနောက် ဖ၀ါးထပ်မျှ
အစဉ်နာခံလျှက် လွှင့်မြော.....ရင်း
ပြုတ်ကျသွားတာ.........အားးးး
မင်းဖနှောက်နဲ့ ပေါက်တာ ကျေးနပ်စွာခံယူ

အသက်ရှူသံ..........ကျကျနန ကွဲ

လင်းဆက်ပိုင်


Posted via Blogaway

Comments