ရဲရင့်​ခြင်းအက္ခရာ

ရဲရင့်ခြင်း အက္ခရာ ၂
♡ ♡ ♡ ♡ ♡ ♡ ♡
ငါ့ဘဝရဲ့ရဲရင့်ခြင်းဟာ
၁၈.၈.၂၀၁၄
၁၁း၀၀ည မှာ စခဲ့တယ်
ယုံကြည်တဲ့ စကားလုံး ဂါထာရွတ် လို့
အောင်နိုင်ခြင်းနဲ့ သူ့ရင်ခွင်မှာ ၀ပ်တွားခဲ့တယ်
ဒါ..ရိုးသားစွာ အမှန်တရားကို နားချခဲ့တာပဲ
သွေးရူးသွေးတန်း အဖျားတွေ.....

ဘဝဆိုတဲ့ *ဖြစ်တည်မှု့* ထဲမှာ
တိုက်ပွဲတွေဆင်နွှဲ သမာသမတ်ကျတဲ့ယုံကြည်မှု့နဲ့
ပန်းပုထုတယ်ဆိုတာမလိုအပ်တဲ့ဘေးသားတွေဖဲ့ထုတ်တာပဲ
ဘဝဆိုတဲ့ စကားလုံး
ဘယ်လိုပုံစံ၊စံနှုန်းနဲ့ ထုဆစ်မလဲ
မျော်လင့်ခြင်းလား...
မျှော်လင့်ချက်လား..

ကံကြမ္မာ က မင်းသားလား ဗီလိန်လား
တကယ်က..
အဆင်မပြေမှု့တစ်ခုရဲ့ ဆင်ခြေစကားလုံးများသာ
ကျွန်တော်ယူဆချက် မှာတယ်ထားလိုက်ပါ
သနာစရာကံကြမ္မာ တည့်တည့်လာပါ
ရင်ဆိုင်ဖို့ အသင့်...

တည်ငြိမ်စွာရဲရင့်ဖို့
တစ်စုံတစ်ခု လိုအပ်ခဲ့မယ်ဆိုရင်
သစ္စာနဲ့မေတ္တာ နှစ်ထွေရောထားတဲ့
မင်းနှုတ်ဖျားကစကားလေးတစ်ခွန်းနဲ့
ငါ့ကို ဂုဏ်ပြုပေးပါ
အဲ့ဒါ.....အက္ခရာ ၂ ပါပဲ


Posted via Blogaway

Comments