စံပယ်ရှင်းတမ်း(သို့)စပယ်အလွမ်း
....................လင်းဆက်ပိုင်
သူတကာတွေ ဆင်ဆွယ်နန်းတည်ဆောက်ကြသတဲ့
ကိုယ်ကတော့ ကိုယ့်နံရိုးနဲ့ တည်ဆောက်ထားတဲ့...
ရင်ခွင်နန်းပါ....ကလေးရေ
စံပယ်ရနံ့နဲ့ မူးလဲ ဘဝအထည်ကြီးပျက်ရသတဲ့....
လူ ရယ်(ရီ)စရာ ကိုယ့် အနှစ်သနစ်ပါပဲ
ကိုယ်ကလည်းကိုယ်ပါ မူးမူးမေ့မေ့ ကို
အသက်ရှူသံတိုင်း စံပယ်သင်းပြစ်လိုက်တာ
အခုမှ သက်ပြင်းတွေ ဘဝတစ်ခုစာ ချပြရပြီပေါ့
စံပယ်ဖြူဖြူရဲ လင်းတောက်မှု့ဟာ
ကိုယ့်ရင်ခွင်ကို သွေးလွှမ်း မအေးချမ်နိုင်ပြီပဲ
ကန်းကုန်အောင် မှောင်ပြစ်လိုက်တဲ့ ငမိုက်သားဟာ
ငါသာ ငါပါ ရနံ့အသေတွေ ထွေးပွေ့မြတ်နိုးတုန်းပေါ့
ငါ ဇာတာထဲ စံပယ်တွေမှောက်
ငါ့ရင်ခွင်က မိုးတွေဟာ
စံပယ်နဲ့ စစ်မက်ပြိုင် မိုးမဟုတ်ရဘူးကွယ်
ငါတို့ရဲ့တွေ့ဆုံမှု့ဟာ အသံထွက်ခြိမ့်ခြိမ့်သဲအောင် မှားယွင်း
ငါ့မိုက်မဲခြင်းများ ပါးပေါ်မှာ တလိမ့်လိမ့်ပေါ့....
နိဂုံး မှာ အပြုံးတွေမြုံနေရ
အနက်ဝှက်ထားတဲ့ကောင်းကင်ထဲ
ဗလောင်းဗလဲ သော့တစ်ချောင်း တိမ်စနဲ့ မျော
ဟော ......မင်းထွက်သွားတဲ့နောက်မှာ
စကားလုံးတွေ ကျန် ကျန် ကျန် နေမလား.....!!!
ကောင်းကင်တိမ်အတောက်က လှပနေဆဲ
ငါ့ရင်ခွင်ကို ခုတ်ပိုင်းသွားတဲ့ အိုးးးဆည်းဆာလေရယ်
Comments
Post a Comment