ဆူးငြိတဲ့လမ်း
✖ ✖ ✖ ✖
ကျ စိမ့် တဲ့ သူပြောခဲ့တာ
ထွက်ကျလာတဲ့ စကားတိုင်း စိမ့်အီသွားတာ
ခါးခါး ကျ ပြန်ပေါ့ သူ့စကားလုံးများ ။
အအေးမကြိုက်ဘူးတဲ့ ကိုကိုကြိုက်ရင်
သဲ လည်း လိုက်ကြိုက်ပေးမှာပေါ့တဲ့
အေးအေးဆေးဆေး ဘဝကိုသောက်ဖို့
သူက အပူပေးခဲ့တာ။
ဆေးလိပ်မီးခိုးငွေ့တွေနဲ့ မိုးတွေရွာပြန်ပြီ
ရှိုက်သွင်းပြီး ပြန်ထုတ်လိုက်အငွေ့တွေက
စံတော်ချိန်ခြားတဲ့အရပ်သို့.....ခရီးဆက်သွား
သူရနံ့တချို့ရလေးမလား ။
လ္ဖက်ရည်ဆိုင်ထိုင်ရင်းက
စိတ်က နယ်စည်းမခြားလွင့်သွားတော့တာ
ခက်တော့ခက်နေပြီ ထိန်းသိမ်းလို့မရတဲ့စိတ်
ငိုယိုပြီးပြန်လာ
သူသွားရာလမ်းမ ဆူးငြိခြင်းများနဲ့သာ။
ခန့်ပိုင်မှူး
Posted via Blogaway
Comments
Post a Comment