မှိန်းမတစ်ယောက်နဲ့ သွေးထွက်နေတဲ့စကားလုံးများ
♥ ♥ ♥ ♥ ♥ ♥ ♡ ♥ ♥ ♥ ♥ ♥
အချစ်နဲ့ပတ်သတ်ပြီး
တုံဏှိဘာဝေကောင်ပါပဲ
မသိနားမလည်းခြင်းနဲ့....နံရံကို တွန်းတွန်း အဖွင့်
ထူးဆန်းစွာ ဆိုက်ရောက်လာတဲ့..............အချစ်
ငါ့နောက်ကျောမှာသာတဲ့ *လ*
စိတ်ကွယ်ရာအရပ်မရှိဘူးလေ
လိမ်ပါ လိမ်ပါ
မှန်မှန်လိမ်ပါ
ကိုယ့်ကိုကိုယ်ပါလှည့်စားနိုင်အောင်
လိမ်ပါ...
. ဘယ်သူမှမရိပ်မိအောင်
ညာပြီလိမ်ကွာ
မြစ်မှန်သမျှကောက်တာပဲ....မှိန်းမမှန်သမျှဖောက်တာပဲ
ငါ့ဘယ်ရင်အုံ ဟောက်ပက်ကြီး
သံယံဇာတ အသဲနှလုံးပြုတ်ပြုတ်ပြုန်း....ပေါ့
အိမ်းးး
ကောင်းရော
ငါလည်သံသရာကြိုးမရှည်ချင်ဘူး
နင်လည်းကြိုးရှည်ရှည်နဲ့ လှန်ချင်မနေတော့နဲ့
ဝေးသွားမယ့်လမ်း သဘောတူ လရောင်ဆမ်းလိုက်ပါကွာ
လူငယ်တစ်ယောက်ရဲ ပန်းတိုင်ဟာ...ဗလာ
မှတ်တိုင်ဆိုက်ထူခဲ့တယ်...အောင့်သက်သက် သက်ပြင်းနဲ့
အမဲဖျက်ခံရတဲ့စကားလုံးတွေ
ကျောပိုးအိတ်အပြည့်ပေါ့
ဖတ်ဖတ်နွမ်း ပီတိတွေ နဲ့
မတရားမှု့ကို ......မျှခြေ မရှာဖွေတော့ပါ
အက္ခရာတွေ သွေးထွက်လွန်နေတုန်းပဲ.....ပြုံးကြည့်နေတယ်
ခန့်ပိုင်မှူး
Posted via Blogaway
Comments
Post a Comment