ရနံ

ရနံ့
။။။။။။
ဒီ ၀ပ်ရှော့ မှာ
ဒီ ဖိုရမ် မှာ
မင်းရယ် ငါရယ်
ကိုယ်စားပြုသူတွေပါပဲ
ကဲ....
မေတ္တာဓာတ်အပြည့်နဲ့(အချစ်)
နားလည်မှု့တွေတည်ဆောက်
စကားလုံး ဗုံးဖောက်ခွဲ ခဲ့ တာ နဲ့
ငြိမ်းချမ်းရေး ပျောက်
သံယံဇာတ တစ်ကိုယ်လုံးက ရနံ့
တစ်ဦးတည်း နမ်းခြိုက်ချင်တဲ့
ကိစ္စ
အဓိက
နဲ့
သာမည
တကယ်ဆို မင်းရော ငါရော
အညတရ ပါ
အခု မင်းပါးစပ်က အသံ
ဘယ်သူ့ကို ကိုယ်စားပြုသလဲ
သွေးညှီးနံတွေမုန်းတယ်
သံယံဇာတ ညှီနံတွေ မုန်းတယ်
ဒါဟာ ငါ့အသံ ပြည်သူ့အသံ
ကဲ...
ဟစ်တိုင်ညံနေတဲ့ကိစ္စ
မင်းတိတ်ဆိတ်မှု့ဟာ
ဘာကို ကိုယ်စားပြုသလဲ
အသေ အချာတော့ တွေးခေါ်ပါဗျာ။

             ခန့်ပိုက်မှူး


Posted via Blogaway

Comments