လင်းဆက်​ပိုင်

အခုကာလအတွက် ဖြေ
♡ ♡ ♡ ♡ ♡ ♡
ခံစားချက်တွေ မပေါ်သေးတဲ့ကာကို လွမ်းတယ်
အဲအချိန်တုန်းက ငြင်းခုန်ခြင်းတွေမပေါ်သေးဘူးလေ
နှစ်ဦးသားနာကျင်ရမယ်ဆို ငါဘယ်ပြောမလဲ...၁ ဂဏာန်းမလေးရေ

ပုံပြင်ထဲကသေတ္တာကို ဆွဲဖွင့်လိုက်တာ
မျှော်လင့်ခြင်းတွေ ခုန်ထွက်လာတယ်
ညည အဲ့မျော်လင့်ချက်ကို ကင်းစောင့်ရတာ
အိပ်မပျော်ဘဲ အိပ်မက် မက်သလိုပါပဲ

စိတ်ကူးစီးကြည့်လိုက်တဲ့ရထား
ဘူတာမတွေ့တာနဲ့ ပုံပြင်ထဲ ထိုးရပ်
လေလွင့်နေတဲ့ချိန်ဆိုမှု့ ကို ထိုင်စောင့်နေတဲ့
ငါက ***လေ***လွင့်သာသာရယ်ပါ

သတိရခြင်းများ ပျင်းတွဲလိုက်ချင်ရဲ့
အေးအေးလူးလူးငြိမ်သက်ချင်တယ်
ဒီဆောင်း ခရမ်းလွန်ရောင်ခြည်များပါ့
မင်းပြောတဲ့ နှင်းစက်အကြောင်း ရှာမတွေ့ခဲပါ

ကဗျာတစ်ပုဒ် ခေါင်းအုံးအိပ်စက်ဖို့
ငြင်းဆန်နေတဲ့ အသံများ ...
ခန္ဓာကိုယ် ရဲ့ မသိစိတ်အတွင်းက လာတဲ့အသံ
မေးခွန်းတစ်ခု အခု မင်းအိမ်ရှေ့မှာရပ်နေတယ်
ဘယ်ဒေသကို မင်းပို့မလဲ.....ဖြေ ။

လင်းဆက်ပိုင်


Posted via Blogaway

Comments