ဖိနပ်​တရံရဲ့အတိုင်းအထွာ

ဖိနပ်တစ်ရံမှာပါသွားတဲ့ အတိုင်းအထွာ
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဒီနေ့ ကြယ်မိုးတွေ ရွာတဲ့အကြောင်း နားထိုင်းထားတယ်
ပျောက်ဆုံးသွားတဲ့ အဓိပ္ပါယ် ၀ါကျတစ်ကြောင်း
ဆွေးလျတဲ့ဒိုင်ယာရီကို ဖွင့်အကြည့်...
ရင်ဘတ်ကို မီးဟပ်သွားတဲ့အကြောင်းလည်း
မပြောတော့ဘူး.....

အရင်းနှီးဆုံး သူစိမ်းတစ်ယောက်ဖြစ်တဲ့
မင်းအကြောင်းတော့ ငါမမှတ်မိတော့ဘူး
ထင်လား!
သိယောင်မှု့ ဟုတ်ယောင်မှု့ဆိုတာ....ကို
ထပ်စဉ်းစားခွင့် ငါပေးတော့ဘူးလေ
မျက်နှာတွေဖတ်ရ တာရော့ကဒ်လောက်မလွယ်ဘူးဗျာ။

ဦးဏှောက်က အလေ့ကျ မှတ်မိလာတဲ့တစ်နေပေါ့
ငါပြန်ပြောပြမှာပါ....ဘယ်လို ဘယ်ပုံ အော်ဂလီဆန် ပုံ
အခုတော့ နေမင်းက ၀တ်လစ်စလစ် လင်းတောက်တုန်း
တံလျှပ်တွေပေါ် ပန်းချီဆွဲနေတာ လှလိုက်တဲ့ ငရဲ ပဲ ။

ငါလည်းအရိုင်းဆန်ဆန်ကြည်လင်နေတာပေါ့
ကောက်ရိုးမီးတောက်သလိုမျိုး သက်တမ်းစေ့ ဘဝပါပဲ
ဘဝရဲ့ကောက်ရိုးမျှင်တွေ တထောင်းထောင်း လောင်ပါစေ
စဉ်းငယ်မျှ အချိန် ပူလောင်မှု့ရဲ့ကြား ယိမ်းကလိုက်မယ် ။

တော်ဖလာနဲ့စကားစမြည်ပြောကြည့်တဲ့အခါ
အနာဂတ်ရဲ့ သွေးလှန်မှု့အကြောင်းဟာ....
ယဉ်ကျေးစွာ အတ္တတွေ ပွတ်တိုက်တဲ့ အလင်းတွေ
တဗာင်းဗောင်း....ဇာတိရုပ်တွေ ရုန်းကြွနေတာ တ၀ုန်းဝုန်း

ဘဝကို အရသာခံဖို့ ငါ့လျှာ ထုံထိုင်းနေတုန်း
ပါးစပ်ဟလိုက်တိုင်း အဓိဋ္ဌာန် တွေ ပျက်စီးသွားတာ
မင်းလှည့်ထွက်သွားတဲ့ ဖိနပ်မှာ ငါ့သစ္စာရားပါသွားပြီတဲ့လေ။

လင်းဆက်ပိုင်

Comments