ကောက်

Myanma Poem
20 hrs ·
More options
ကောက်

ရေးသူ-ရှင်ဒေ၀ီ

ကောက်
ကောက်ခဲ့ရတယ်။
လိုချင်တာတွေ ရှိခဲ့လို့
ဖွဲနဲ့ ဆုပ်ပက်သလို ပူလောင်ပြင်းပြ ဆန္ဒတွေကြား
အေးတာလေးတစ်ခု ရလိုရငြား
ကောက်ခဲ့ရတယ်။
အကောင်းဆုံးသော ထုတ်ကုန်တွေဟာ
ကြိုတင်ရောင်းချမှုတွေမှာ ကုန်ခဲ့ပြီတဲ့
ဝယ်မရ၊ တောင်းမရ၊ လုမရ
ကျီးကန်း ဆယ့်နှစ်ကောင်အား မျက်လုံးတွေနဲ့ အာရုံဖြန့်ကျက်
တစ်ခုခု ကျကျန်လို ကျကျန်ရစ်ငြား
ပြည့်လျှံနေတဲ့ တောင်းကို ထိန်းသိမ်းရခက်စမြဲမို့
ကျကျန်ရစ်နိုင်တဲ့ တစ်ခုခုကို
ကောက်ယူဖို့၊ ကောက်ယူဖို့၊ ကောက်ယူဖို့
ဘာကိုပဲရရ တစ်ခု တစ်ဖဲ့ တစ်စ
ကောင်းတာလေးတစ်ခုတော့ဖြင့် ရနိုင်တန်ကောင်းရဲ့
အေးတာလေးတစ်ခုတော့ ဖြစ်နိုင်တာကောင်းရဲ့
ပူလောင်ကြွပ်ရွနေတဲ့ တက်မက်မှုကို အာသာဖြေနိုင်မယ့်
တစ်ခုခု၊ ဒါမှမဟုတ် တစ်ခုမက ဘာကိုရရ
ကောက်လို့ရမှ ဖြစ်မယ်။
ကျီးကန်းတောင်းမှောက်၊ နွားသိုးကြိုးပြက်၊ မျောက်လွှဲကျော်ဓာတ်လိုက်
အဲဒီလို ပုံနှိုင်းခံရတာတောင် လုံလုံလောက်လောက် ကောက်ယူလို့မရခဲ့ဘူး။
ကောက်၊ ကောက်၊ ကောက် ဆက်ကောက်
တောင်စဉ်ရေမရ မရမက
သူများဆီက ပိုလျှံထွက်ကျလာတွေလေးတွေ ရလိုရငြား ဆက်ကောက်။

ရှင်ဒေ၀ီ


Posted via Blogaway

Comments