နောက်ဆုံး အမည်ရွတ်ပြီး...တော့
✖ ✖ ✖ ✖ ✔ ✔
ရာသီပြောင်းချိန်ခဏ
စပ်ကူးမက်ကူးကာလ
အပြောင်းအလဲမှာ..ဖျားတယ်
ကိုယ်ခန္ဓာ အားမကောင်းခဲ့၍
ခံနိုင်ရည်တွေ သုံညအောက်ကို ထိုးဆင်း
အလေးလံဆုံးဝန် အလွမ်းတွေပိနေပေါ့
ဘာမှမဖြစ်သလို သူ့အတွက်မထူးဆန်းပေမယ့်
ငါ့ရဲ့နေ့ရက်တွေ .......
သူ့စကားလုံးအပုပ်အသိုးတွေကြား
လူးလာခေါက်ပြန် စီးဆင်းတုန်း
စကားလုံးများအား အတု အစစ် ခွဲခြားဖို့
အတွေ့အကြုံ နုနယ်ခဲ့
နုညံ့ဆုံးစကားလုံးဟာ အပြင်းထန်းဆုံး ဓားချက်
ဆိုတာ
အသက်ငင်ချိန်မှသာ သိခဲ့ရ
ကံကိုမရိုးပါဘူး
ငါ့မှာ တွက်ချက်မှု့မရှိဘူးလေ (အရှုံး အမြတ်)
ခံစားမှု့ကို စီးမျောယုံ သီးသန့်လေးပါ
လွင့်ဝေး၀ါသွားတဲ့ ရင်ခုန်သံ
အိပ်မက်သေ နဲ့ မျှော်စရာတွေ
အေးခဲနေတာ အငွေ့ တလူလူ
အအေးခန်းထဲ မှာ အကြောဆွဲရင်
ဆန့်ငင်ဆန့်ငင် သူ့အမည်ကိုရွတ်လိုက်တယ်
နောက်ဆုံးပေါ့......ပြီးပြန်မထနိုင်တော့ပဲ
........သေ.....သွား...တော့...တာ....လေ
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment