မ​မေ့ပါနဲ့

မမေ့ပါနဲ့
✔ ✔ ✔ ✔ ✔ ✔
တစ်နေ့တစ်နေ့
အစဉ်သဖြင့်ချစ်ခြင်းကိုတွေးခေါ်
ကိုယ့်စိတ်ကိုယ် အတင်အချလုပ်နေရ
အတိအကျ အမိအရ မင်းဖမ်းစားထား
ပြောခွင့်မရှိတဲ့စကားလုံးတွေ ဆွေးမော
ဘာဆို ဘာမှ နတ္ထိ တွေပဲ မျှော်လင့်
အရှိတရာတဲ့
ဟင်းလင်ပြင်အရှိတရားလေ
နေပါတယ်
ဒင်းကလေးသာ အဆင်ပြေပါမလား
တိမ်တွေမည်းညစ်နေပြီ ငိုတော့မှာ
အလျား အနံ မဲ့
အလေးချိန်မဲ့
ပုံသဏ္ဍာန်မဲ့
သက်မဲ့ ဒြပ်မဲ့
အသံမဲ့
ခံစားချက်တွေမမဲ့စေနဲ့
ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်ဖို့ ဆွံ့အ
ဘဝဆိုတာ မသေချာဘူးပဲ ပြောမနေနဲ့
ဘဝဆိုတာ မသေချာဘူးပဲ မပြောနေနဲ့

     လင်းဆက်ပိုင်


Posted via Blogaway

Comments