အိပ်မက် ယန္တရားကြီးလည်ပတ်လို့
အချစ်တွေ လင်းပြီးရင်းလင်းနေတယ်
ချစ်သူရဲ့ ကိုယ်သင်းရနံ့နဲ....လှလှပပ အိပ်မက်ဆန်တုန်း
အဲ့ အိပ်မက်ကို ခေါင်းအုံးအိပ်လို့...
ငါညတွေနှစ်ခြိုက်စွာ ဖူးပွင့်နေပါတယ်ချစ်သူ
တံခါးတွေဖွင့်ထားရင်း ငါ့စိတ်ကူးတွေ
မင်းရှိရာကို လမ်းသလားနေပါတယ်ချစ်သူ
အနာဂတ်ဆာလောင်မှု့တွေ မျိုသိပ်ရင်း...
သတိရစရာပုံရိပ်တွေထဲ စိတ်ကူးတွေ အတက်အဆင်း
ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတော့တယ်ချစ်သူ
ငါ့အပြုံးတွေ အရောတ၀င်နင့်နံဘေးနာ့း 
ရင်းရင်းနှီးနှီး အပြုံးခြင်းထွေးပွေ့လို့ပေါ့ ချစ်သူ
ဘာလို့များ ဘာကြောင့်များ ဘာအတွက်ကြောင့်
စိတ်ကူးတွေ အပြန်အလှန် ဆွဲဆောင်နေတာလဲ
ငါတို့ရဲ့ တန်ဖိုးအရှိဆုံး အရာက သတိရခြင်းတဲ့လေ
ပျော်ရွှင်စွာဂစ်တာတီးပြီးကဗျာရွတ်ကြတာ....
သံဇဉ်ဟာ ချိုကြည်မွှေးတဲ့ ပန်းလိုသင်ပျံပျံ လွင့်လူးလို့
ရင်ခွင်ဟာအေးချမ်းကြည်လင်လို့...
ချစ်သူမျက်နှာ ပြုံးနေတယ်
လင်းဆက်ပိုင်
Comments
Post a Comment