စိတ်တွေ ကြေတဲ့နေ
............................လင်းဆက်ပိုင်
စိတ်တွေ ကြေတဲ့နေ့ပါ ကောင်မလေးရေ
ငါ့ရင်ထဲမှာ ကဗျာ ကဗျာ မာယာဗလာနဲ့ပါ
သတိတရအလွမ်းထက်ပိုတဲ့ စိတ်ဖြစ်စဉ်နဲ့
ကြွယ်ဝစွာ ဆင်းရဲခြင်းတွေ ပိပဲ့ပြိုကျနေပါတယ်ကွယ့်။
တွေးမှု့ဖြစ်စဉ်တိုင်းက ကြေတွန့်စွာ ၀တ်ဆင်ရ
ဆံစမှခြေဖြားအထိ သွေးမျှင်တွေတိုင်းစီးဆင်းနေတဲ့ ...
အရောင်တွေအကြောင်းမပြောတော့ပါ...
Hello ဆွံ့အခြင်းနဲ့ အ အ အ အ အ အ
အမည်မသိလှိုင်းလုံး လည်ချောင်းမှာဆို့ ...။
မဖြစ်ထွန်းသေးတဲ့ ထယ်ရေးနက်နက်ထဲက
ငါ့မျိုးစေ့လေးရေ
ရာသီဥတုအခြေအနေဆိုတာလည်း ဖန်တီးလို့ ရပါတယ်ကွယ့်
ငါတို့ရဲ့မတော်တဆကြုံမှု့တွေနဲ့ ငွေ့ရည်ဖွဲ့
အလွမ်းတွေဆွေဖြိုးရင်း တချိန်ချိန်တော့ အလှပဆုံး ပွင့်လာနိုင်ပါရဲ့ ...
ဒါဟာ အိမ်မက်သစ်ကို တီထွင်သူရဲ့ ဖန်ဆင်းမှု့ခရီးသွားတော့ဖြစ်ကောင်းရဲ့ပေါ့
ခရီးသွားဆိုတဲ့အတိုင်း ငါမနေမနားသွားနေပါတယ်...
ဘယ်အရပ်မှာ မင်း နေသလဲမသိတာ တစ်ခုနဲ့တင် ငါ ခရီးဟာကြံ့ကြာနေလေရဲ့..
စိတ်မကောင်းမဖြစ်ပါနဲ့ ကလေးရေ
ငါ ပဟေဠိ တွေ ရှာဖွေရတာ မွေးရာပါရူးသွမ်သူပါ
မင်းအတွက်သီးသန့်.. ...ကွယ့်
အချစ်ဆိုတဲ့ လှိုင်ခေါင်းထဲမှာ အသက်ရှူကြပ်တယ် အောက်ဆီဂျင်ငတ်တယ်
အပြုံးရေအေးလေးတစ်စက်မျှသာ မျှော်လင့်လျက်
ကန္တာရကောင်လို့ငါ့အတွက် မင်းလေးဟာ ရေခဲမုန့်လေးဖြစ်ရဲ့ ချိုအေးမွေး....
ငါ့အပြုံးတွေ သေဆုံးနေကြောင်း ကြေနေတဲ့
ငါ့လွင့်မျောခြင်းတွေ
ဘုရာသခင်ရှေ့မှာ ကြွေအံစာပစ်ဖို့ ငါတန်းစီစောင့်ဆဲ...
ပုံသဏ္ဍာန်မဲ့တဲ့ ဖြစ်တည်မှု့တွေ တဖွဲဖွဲ လွင့်
ပေါင်းခြင်း ဂဏာန်း ၊၉၊ န၀င်းကိုက်ပါမလား
နာကျင်မှု့တွေသိပ္ပံနည်းကျဖော်ထုတ်လိုက်ချင်ရဲ့
နှလုံးခုန်မှု့ ကြိမ်နှုန်း အကွေ့အကောက်များသာ
ဂရပ်ဖစ်မျဉ်းကွေးများသာ ဖြစ်လတ္တံ ...
ဒါဟာ ပို့ဒ်မော်ဒန်လို အဆက်အဆက်ပြက်တောက်မှု့လည်း ဖြစ်နိုင်လေရဲ့ ကွယ့်
စိတ်အငွေ့ပျံခြင်းဟာ မှောင်တဲ့အထိ မိုးရွာလိုက်တယ်
အန္တရာယ်ရှိတဲ့ ကံတရားဟာ ခေ့ထေ့ထေ့ ငါ့မိုးထဲမှာပျော်ပါး
အလွန်ရှည်တဲ့ကမ်းရိုးတန်းလို ခန္ဓာကိုယ် က အရိပ်ဖြာကျ နေ၀င်ချိန်ထဲကျွံကျနေတာနဲ့
ခရီးစဉ်ဟာ ဟာ! နောက်ကျတယ်...ကွယ်
Posted via Blogaway
Comments
Post a Comment