စိတ်တူကိုယ်တူ တွန့်ဖွင့်ရမယ် တံခါး
လင်းဆက်ပိုင် ......
အတ္တကင်းတဲ့အခန်းထဲမှာ
ကမ္ဘာသူ ကမ္ဘာသားတိုင်း
မြတ်နိုးတန်းဖိုးထားတဲ့
အရာတစ်ခုရှိတယ်.. .
အဲ့ဒီ့လမ်းမှာ...
ခြေလှမ်းတိုင်းမှာ ခြေကျဉ်းခတ် သံချွင်ချွင်ပဲ
ဘာသာစကားတိုင်း ငြင်းပယ်ခြင်းနဲ့
ဟ လိုက်တဲ့ ပါးစပ်တိုင်း လျှာတွေသာ ပြက်ပြက်ကျတယ်
နည်းစနစ်ကျစွာ မွေးကင်းစကတည်းက
ဓာမိုးကျော်တဲ့ ဓလေ့နဲ့ စိတ်တွေ သတ်ထားတယ်
ကျွန်ပ်တို့နေထိုင်ရာ ဒေသရဲ့ အဖွံ့ဖြိုးဆုံ ဓလေ့ထုံးပါ
အတ္တကင်းတဲ့အခန်းကိုဖွင့်ဖို့
အရိုးတွန်သံတွေ ဟာ ကုဒ်နံပါတ် ကီးတွေပဲ
ငြိမ်းချမ်းရေး တဲ့ မဟာပထ၀ီမြေကြီးပေါ်ခြေလှမ်းတိုင်းကြားရ
ခြိမ်းပဲခြိမ်းပြီးမရွာတဲ့ မိုးအတွက် အေးချမ်းဖို့
ငါတို့တွေ အာဏာရှင်တွေကို နိုင်အောင်လွန်ဆွဲကြရမယ်
အတ္တအခန်းထဲက ငြိမ်းချမ်းရေး ငိုနေတာ
သင်တို့နှလုံးသားမှာ ကြားရဲ့လား
ငြိမ်းချမ်းရေးဆိုတာကို ငါတို့ ခေါင်းပုံဖြတ် မခံနိုင်ဘူး
ရဲ့ရင့်လိုက်မယ် နှလုံးသွေးတို့ စုစည်းထားရင်း
အာဏာရှင်မှန်သမျှ ကျဆုံးရမယ်....
အရောက်သွားပြီး တွန်းဖွင်ကြမယ်.....
သံခြေကျဉ်းံ ညံညံနဲ့ အရောက်သွားမည်
ငြိမ်းချမ်းရေးဆီ......အမှန်တရားများလင်းစေသား
Comments
Post a Comment