ပိုက်​​ထွေးထားတဲ့အလှဆုံးအချိန်

ပိုက်ထွေးထားတဲ့အလှဆုံးချိန်များ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ငါ့ဖျားနာမှု့ကိုချော့သိပ်ဖို့
သူ့ စကားလုံးတွေ အသံမာတယ်
သူ့ အငွေ့အသက်တိုင်း မောင်းချဓားပဲ
အဲ့ရှင်သန်မှု့ကို ငါက မက်မက်မော ငြိတွယ် ။

အပြုံးတုဝတ်ဆင်ထားတဲ့ ယဉ်ကျေးမှု့မျက်နှာ
အဖေ့ထက် သား တစ်လပိုကြီးသလိုမျိုး
အမှန်ထက် တစ်လပိုကြီးတဲ့ အမှားမျိုး
အယူဝါဒအယောင်ဆောင်မှု့များ။

ရေသောက်မြစ်ဖြတ်ထားလဲ....
ငါကသာ အချစ်တွေ ပွင့်ဝေချင်တာ
အလွမ်းတွေ ဖွေးဖွေ လှုပ် ကြွေကျနေတာများ
လေမှာ တလွှင့်လွှင့်.....မျော ။

ဗလောင်ဆူနေတဲ့ ရင်ခွင်တောအုပ်
မင်းသာ ဘုရင်မလုပ်ပြီး လာအုပ်ချုပ် ပါတော့
အခုတော့ မာယာများတဲ့ တောစောင့်နတ်လို
ငါ့တောအုပ်ကို လာ လာ ခြောက်နေတာ ။

အလွမ်းမီးတောက်တွေပေါ်.....
အချစ်ကို ကားစင်တင် လူရိုင်းမတို့ရိုးရာနဲ့
မင်းက စိမ်ပြေနပြေ ထိုင်ကြည့်လို့ ...။

သင်္ကေတ အပြုံးတွေနဲ့ ချရေးဖို့
ဝါကျတစ်ကြောင်း သတ်ပုံအမှားတွေနဲ့
ဘဝမှာ အဆိုး(အလှဆုံး)ကျိန်စာပိုက်ထွေးထားတယ်။

        .လင်းဆက်ပိုင်


Posted via Blogaway

Comments