.....မိုးလေ၀သ ခန့်မှန်းချက်...
ကမ္ဘာကြီးကိုနှုတ်ဆက်ဖို့ ဘာသာစကားတွေမလိုအပ်ဘူး
ရိုးသားစွာ အစွန်းအထင်းမရှိ သေဆုံးနိုင်ရင် လှပြီပဲ
နဖူးပေါ်လက်တင်စဉ်းစားဖို့ အမှားတွေဘယ်လောက်များများ
မှန်ခဲ့သလဲ။
ကဗျာထဲကို အရပ်သုံးစကားတွေ ၀င်ထွက်ခွင့် ရှိနေပါပြီ
ငါ့ဦးခေါင်းထက်ဆံပင်များ မီးခိုးရောင်အငွေ့ တလူလူ
ကားစင်တင်ထားတဲ့ ခြေထောက်တွေ ....
လမ်းမထက်မှာ လမ်းလယ်ခေါင်မှာ ဘဝဖေါ်ထုတ်တယ်
(ငါတို့လမ်းဘေးထိုးမရပ်နိုင်းတဲ့ အံကြိတ်သံနဲ့ )
ဆန္ဒ နဲ့ ဘဝ ထပ်တူမကျသူများ...
မျှော်လင့်ခြင်းအိမ်ဟာ ဒီလမ်းမတွေပါပဲ ...
ဒီကောင်းကင်ကို ဖွင့်ဖို့
ဂျာနယ်မှာအော်တယ် မဂ္ဂဇင်းမှာအော်တယ် fbမှာအော်တယ်
ခင်ဗျာစိတ်ထဲမှာအော်တယ် ကျုပ်စိတ်ထဲမှာအော်တယ်
မိုးလုံးပြည့်အသံတွေ အော်တယ်
မာစတာကီးက ကုလားထိုင်ငြိမ့် သာယာစွ
ငါတို့အသံလှိုင်တွေ ငနဲ့သားက မမှု့ဘူး
အာဏာကျောက်ဆောင်နာက်မှာ....
Chessထိုးနေတာ....အဲကွန်းလေးဖွင့်လို့..
မိဘမဲ့ကလေးနဲ့ ခြေပြက်လက်ပြတ်တွေသာ
ချွေးပြိုက်ပြိုက်ဇောကပ် နေရတယ်...
မိုးလေ၀သ ခန့်မှန်းချက် ၂၀၁၅မှာ သာယာမည်တဲ့
ဘယ်လိုသာယာမှာလဲ....တိုးတိုး ကြိတ်ကြိတ်...
သတင်းခေါင်းစဉ်.....
ပြင်ဆင်ချက် ...
မျှောစာအမှတ်
အိတ်ဖွင့်ပေးစာ
ပြီပါပြီ
လင်းဆက်ပိုင်
Comments
Post a Comment