တုံး​ပိလို့​အော်​တဲ့ဖား

တုံးပိလို့ အော်တဲ့ ဖား
................................

အမှန်တရား ပျောက်တဲ့ခေတ်မှာ
သေမင်းက သူတို့ရဲ့ ဘက်တော်သား
ကျုပ်တို့က တုံးအောက်က ဖား
အဆီလည်းကြိုက် အသားလည်းနှိုက်
အရိုးပါ ကိုက်တဲ့ သူတွေ

မကြည့်ပဲလည်း မြင်မှာပါ
မအော်ပဲလည်း ကြားမှာပါ
ယမ်းတွေဖောက် သမိုင်းတွေဖျောက်
အဖေတွေပျောက် မြေတွေပျောက်
ဆန္ဒမပါပ်ဲကျွန်သဘောက် ဘ၀ရောက်ခဲ့ရတဲ့
တောက်ခေါက်သံတွေ အမျိုးကောင်းသမီးလေးတွေရဲ့ စတေးခံဘ၀တွေ

ဟော လာနေပြီ
ကိုယ့်ခေတ် ကိုယ်ဖျက်
တံဆိပ်ကပ်တဲ့ သူတွေ
ဘ၀တွေရောင်းစား
ဟီရိ သြတပ္ပ ဆိုတာ မရှိတဲ့
တစ်ဘ၀စံတွေအတွက် မေတ္တာပို့သံတွေများတဲ့အခါ
ဒီမှာ ဟေ့လူတွေ ညအိပ်ရင် သတိထား
အပယ်လားတတ်တယ်..။

#Cbကိုပေးပို့ထားတဲ့
သူငယ်ချင်း တစ်ယောက်ပေးပို့တဲ့ကဗျာလေးပါ

Comments