ဆုံမှတ်လေး
....လင်းဆက်ပိုင်
ကျွန်တော်အတွေး အပူချိန်မြင့်တက်သွားပုံ
တနင်္ဂနွေမလေးလည်း ဖျားသွားတာပဲ
ကျွန်တော့် စိတ်ကိုမျှားလိုက်တာ
သူမ ဦနှောက် လာလာ ချိတ်မိတယ်
အဲ့ဒီ့နေ့က တရက်လုံးပွတ်ပွတ်ဆူသွားတာ
နှစ်ဦးစလုံးရဲ့ ရင်ငွေ့တွေပါပဲ...
မိုးနဲ့ မြေ ကြားထဲမှာပေါ့.....
ရှိတယ် အမှန်တကယ်ရှိနေတယ်
သူမပြောတဲ့ ဆုံမှတ်ဆိုတာ....
ပွင့်ရာကနေပြန်ငုံလိုက်ရတဲ့ပန်းလို အဖြစ်မျိုး
ဆောင်းမိုး နွေမိုး မိုးမိတဲ့မိုး ရာသီတွေထဲမှာ
သုညတွေ တခုတ်တရ သိုလှောင် ရင်း
ဆုံမှတ်ဆိုတဲ့စကားနဲ့ နှစ်ဦးသား....
သံသရာ တစ်ခုလုံး အဖျားတက်...သွားတာ
အခုချိန်ထိ စကားလုံးတွေ ပွတ်ပွတ်ဆူတုန်လေ
Comments
Post a Comment