အရိပ် ဟောင်း
:-P :-P :-P :-P :-P :-P
ချည်ခင်အူတိုင်ပြုတ် ရှုပ်ယှက်ခတ်
အစရှာစရာမလို အပိုအလုပ်များ
ငါ့ဖြုတ်ဦးနှောက် ဖနှောက်နဲ့အပေါက်ခံရ
ငါ့ဆည်းဆာအိပ်တန်းပြန်ချိန် တိမ်တောက်စား
ခိုနားစရာ
ပြိုမလိုငိုမလို တိမ်တိုက်ကြား
စိတ်ကြိုးပြတ် စွန်လို လွှင့်မျောရာဦးတည်မဲ့
အခု မပြုံးတက်တဲ့ မျက်လုံး
မငိုတက်တဲ့ အသဲနှလုံး
သံမဏိ နီးနီး မာလာပြီ
အဖူးအငုံတွေ ကဗျာထဲမှာ
သေသေကြေကြေထားခဲ့
ဆိုက်ဘော့တစ်ကောင်လိုသွပ်သွင်းခြင်းများ
ခ၀ါချဖို့ကြိုးစားရင်း ကွဲလွဲမှု့ကြားမှာ
အရှိုက်ထိတဲ့လက်သီးးချက်တွေ
အကြိုက်တွေ့မိခဲ့တာလား
ငါ့ဘဝကိုတည်ခင်း မင်း...
ပြီးပြည့်စုံ အောင် ပွဲတော်တည်ခဲ့
ဓားနဲ့ခရင်း လိုအပ်ရင်ပြောပါကွယ့်
ဗီးနပ်အတောင်တပ်
မျှားနတ်မောင်လက်သရမ်းတဲ့
ငါ့အသဲပေါ်ကမျှားချက် တဆစ်ဆစ်
အခုပဲနုတ်ဆွဲ လိုက်မယ်
အချစ်ကိုယုံကြည်ခဲပြီးးးးး
တစ်သက်တာကိုးကွယ်ရာတော့မဟုတ်
ဗရုတ်သုတ်ခ လမ်းမ ခဏတာလျှောက်ခဲ့မိပေါ့
လင်းဆက်ပိုက်
Comments
Post a Comment