လေ​ဘောလုံးပွဲ

လေ ဘော လုံး ပွဲ
✔ ✔ ✔ ✔ ✔
အလကားအော်နေတယ် အာခေါင်ခြစ်သံကြီး
သူ့ရင်ဘတ်ထဲက အတ္တ 75%နဲ့
အမလေးတော် အရပ်ကတော်တို့
ကြည့်ကြ ကြည်ကြ ကြည့်ကြပါဦး
အတ္တကို ဗြူတီပါလာမှာ ပေါင်းတင် ရွှေသွင်း
လှချင်ရက် စက်စက်ယိုနေတာ
လေထုညစ်ညမ်း ပုပ်စော်နံတယ်။

ဒီမယ် ဒီမယ် နင့်စကားလုံးပင်လယ်ထဲမှာ
စကားလုံးအမှန် ငါးတစ်ကောင်လောက်တောင်
ရှိလို့လာဟယ်
တစ်ရပ်ကွပ်လုံး ဆူညံ
ကလေးတွေလေဘောလုံးကန်နေတာ။

ခွမ်းးးဂလန်း ဂလန်း...
မှန်တွေ ကွဲကုန်ပါပြီ
ဘယ်ကောင်လေသရမ်းတာလဲ ကွ
ဟဲ့...မကြီးမငယ်နဲ့ လေဘောလုံး
ကန်နေရသလား
ဒီကစားပွဲမှာ နင့်ကန်းချက်တွေ
ကန်ချက်အလွဲတွေ
မြန်မြန်ထွက် အချိန်ပြည့်တော့မယ် ဟကောင်
ဘာာာာာာ
မင်းက ကပ္ပတိန် ဟုတ်စ။

ဘယ်သူခန့်တာလဲဟဲ့
ဘယ်သူထောက်ခံလို့လဲ ဟဲ့ ကပ္ပတိန်ကြီးရယ်
ထွက်ထွက် မြန်မြန် ထွက်စမ်းပါ
အချိန်ဆွဲမနေနဲ့ အနီကပ်ထိမယ်
ဟဲ့ ပေစောင်းစောင်းကြည့်မနေနဲ့။

ဟွန်းးး
တစ်သင်းလုံး နင့်ကိုကြည့်မရဖြစ်နေတာ
အရှက်ကိုမရှိဘူး မျက်နှာပြောင်တိုက်မနေနဲ့
သွားသွား မြန်မြန် သွား
ဒါပဲ

နံပါတ် ၁၅ ၀င်မယ်
အလယ်မှာကစား စကားမ၀ဲနဲ့
သန့်သန့်ရှင်းရှင် ကစား
ကြားလား..
ပေါက်ကရ တောက်တီးတောက်တဲ့လုပ်ကြည့်
အနီကဒ်ပဲ
ဒီပွဲမှာ အထူးတလည် ဒိုင်၆၀ ရှိတယ်။

ခန့်ပိုင်မှူး


Posted via Blogaway

Comments