အတွေးတစ်ခု လန့်နိုးသွားပြီ
♡ ♡ ♡ ♡ ♡ ♡ ♡
အရမ်းချစ်တယ်ဗျာတဲ့..
မိမာယာတဲ့
မတင်ရွှေကို လွမ်းကောင်းတုန်း
မလွမ်းပိုက အသက်ဆက်သွင်းတုန်း
ကဗျာလေး ၁၀ မှာ ပြီးပြီ.....
စင်သီယာရဲ့ ဆိုက်ကို ကဗျာများ...စိတ်လွင့်နေဆဲဘဲ
ကျွန်တော်က
ယုန်လေးသို့...တင်သွင်းပြီးတဲ့နောက်
အခု အရည်ကျဲကျဲ ဟာသတစ်ပုဒ် မော့သောက်လိုက်တယ်
ဘဝဟာ ဘဝနဲ့မတူရင် ဘဝမဟုတ်ဘူး...
နံသာမြိုင်ရှူ့အောင်ရဲ့ ဘဝအဖွဲတွေ သူကကြက်သမားတဲ့
ကြွေတလှည့်ကြက်တခုန်အကြောင်းမပြောသေးဘူး
ရင်ခွင်ကို ထုတ်ချင်းခတ်မယ့်...
ပါးကွက်ကြားနဲ့ တောပန်းကလေးအကြောင်း
အမေနေမကောင်းလို့ ညပိုင်းအလုပ်ဆင်းနေရပြီတဲ့
ချဉ်စုပ်စုပ် ရနံ့တွေ အော်ဂလီဆန်အောင် လှပကြောင်း
ကလပ်ဆဲလ်တွေ ဆေးထိုးခံရကြောင် ...
တစ်ကြောင်း နှစ်ကြောင်း သုံးကြောင်း နောက်လည်း
လိုအပ်ရင် သုံး လို ရကြောင်း....ချရေးလိုက်တယ်
ရိုးသားခြင်းတွေ အဆိပ်ခတ် ခံရတဲ့ ရာစု ၂၁
ဆာလောင်မွတ်သိပ် နေတဲ့ ....
သိက္ခာတရာများ နာကျင်ကိုက်ခဲမှု့
ကောင်ကင်နဲ့မြေပြင်ကြားက အလင်း ဖမ်းထားရခက်တယ်
နှလုံးသားတွေ ယာယံတိုင်း ချစ် ခြစ် ကုတ်ဖဲ့ ပစ်ခွင်းကြ
အသက်ရှင်နေထိုင်ဖို့ ဘောလုံးကန် ကျန်းမာရေး ကောင်းပါတယ်
မိုးဦးကျကြောင်း ဟိုအပင်ပေါ်က တောက်တဲ့ကိုလူချော
တောက်....တောက်..တောက်......တဲ့....တောက်စ်!
ဗေဒင်ဟောတာအမှားကြီး ...
ကျနော်အတွေးများ လှန့်နိုးသွားပြီ....ပြီးပါပြီ
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment