အညှာလွယ်သူရဲ့ ဇာတ်ည တစ်ည
☁☁☁⛅☁☁☁♨ ♨ ♨
ယုံကြည်မှု့ အညှာလွယ်ခဲ့ယုံပါပဲ
စိတ်စွဲလန်းကို စိန်စီထား ရင်း
မျှော်လင့်ခြင်းအရောင်တောက်ပ
မဖြစ်နိုင်တဲ့အရာမရှိဘူးဆိုပေမယ့်
ကြိုးစားခြင်းဟာ သဲထဲရေသွန်ဖြစ်ခဲ့
ပြိုင်တူရွေ့ရမယ့်လမ်း ခြေလှမ်းများမညီမညာ
သူက ပုတ်သင်ညိုမ လို....
တွေ့ကရာလူနဲ့ အရောင်ပြောင်းတက်တယ်
သူ့အလေ့အထ ငါမသိချင်ယောင်ဆောင်ရင်း
တွဲခေါ်ဖို့ ကြိုးစာခြင်းဟာ...
ကျွန်တော်ဆောင်းသမားသာအပြစ်ရှိ
ကျွဲမ တစ်ခါတည်း သေအောင်ချို(ဂျို)နဲ့မဝှေ့တာကံကောင်း
သူ့အပြုံးတိုင်း ပါးစပ်အဖွင့်အပိတ်တိုင်းဟာ
Side effect တွေ ပေါပေါလောလော မြိုင်ဆိုင်
အချစ်ယဉ်ကျေးမှု့ မှာ မာယာမုသားတွေနဲ့
အဲ့သလို ထုံးတမ်းဓလေ့နဲ့ သူကကွက်တွေ လှတယ်
ဝါကျတစ်ကြောင်းလုံး မုသားဝါဒနဲ့ရေးတဲ့ကဗျာ
ငါ့ကို လက်ဆောင်တောင်ပေးသေး....
သူလုပ်စားနေကြ ကဗျာကြီးနဲ့....
ဘာတယ်....နီးခြင်းဝေးခြင်းထက် စိတ်ခြင်းထပ်တူကျဖို့
အရေးကြီးသတဲ့....
သူပိရိသေသပ်သလောက် ငါအခဲ့တယ်
လျှို့ဝှက်တဲ့ အရိပ်ထင်ထင်ကြီးကို
ငါကန်းနေလိုက်တာ....
သုံးရာသီကိုတစ်ရက်စွန်းသေးပေါ(့ မင်းခိုက်စိုးစံ)
ခန့်ပိုင်မှူး
Posted via Blogaway
Comments
Post a Comment