အိပ်​မက်​ထဲက​ခေတ်

အိပ်မက်ထဲကခေတ်
:-) :-) :-) :-) :-) :-)
ပလီပလာနဲ့
လျှပ်ပေါ်လော်လီမှု့ကိုကိုရှေ့တန်းတင်
ခေတ်ရေစီးလို့ပြောဦးမလား
ခေတ်တော့ခေတ်ပဲ
ခေတ်သစ်တော့မဟုတ်ခေတ်ဟောင်းကြီး
ကောသလအိပ်မက်ထဲကခေတ်ကြီးလေ
တော်တော်ဟောင်နွမ်းရိဆွေး
အိပ်မက်အကြောင်းအရာလတ်ဆက်
အို .တစ်သီတစ်တန်းကြီးပဲ
ခေတ်ကို
တစ်သားမွေးတစ်သွေးလှချင်နေတာလား
ရူးကြောင်ကြောင်နဲ့ခေတ်မှီလိုက်ဦးပေါ့
ဒါ မယ့်
ဘဝရာသီဥတုသာယာစွာလျှောက်လှမ်းဖို့
ဓမ္မသိုင်းကွက်တွေကျင့်လိုက်
ဝိပသနာ
ဝင်သက်ထွက်သက်နဲ့
လောကဓံပျားရည်စစ်စစ်ကိုတူးဖော်
ဘုရားသခင်ဘယ်လောက်တားတား
ဒုက္ခတရားရဲ့ပဉ္စလက်မြိုင်ဟေဝန်ထဲ
ပျော်ပျော်ရွှင်လျှောက်ခဲ့ကြ
သုခတရားမီးလျံပြင်းပြင်းတွေနဲ့
စိတ်ရှည်လက်ရှည်လက်ပြစ်ကူး
အမှောင်ထူထူမြိုင်မှာ
ယဉ်ကျေးမှု့ခရီးသွား
လောကဓံတရားနဲ့ချီတက်
ကောသလအိပ်မက်ခေတ်ကြီးထဲမှာပါ

        လင်းဆက်ပိုင်


Posted via Blogaway

Comments