လမ်း​ချော်​​နေတဲ့ရထား

လမ်းချော်နေတဲ့ ရထား
♡ ♡ ♡ ♡ ♡ ♡
ငါရင်ထဲမှာ နိဗ္ဗာန်ကမ္ဘာတစ်ခု
သုခတွေ ကုံလုံကြွယ်ဝ
မြည်းစမ်းကြည့်ပါကွယ်

မင်းဆီသတင်းပို့ဖို့
စိတ်ရထားတစ်စင်း လမ်းချော်နေလေရဲ့
အချစ်ကို  ဖွဲ့နွဲ့ဖို့ လမ်းလွဲမှ မောင်းခိုင်တာ
ဘယ်သူလဲဟေ့........

ပုဂ္ဂလိက ခံစားချက် ရိုးသားကြောင်း
ရဲစခန်းထောက်ခံစာယူရဦးမတဲ့လားကွယ်
ဟိုမှာ
မိုးတွေ တစ်စက်စက် သွန်းနေလေရဲ့

မျဉ်းဖြောင့်ပေါ်က လူတစ်ယောက်
ယုံကြည်ရာ ခံစားရင်း
ဒုက္ခ ဆိုတာ ချိုမြန်ခြင်းပဲတဲ့

ရူးမိုက်တာဟာ သတ္တိရှိဖို့လိုသေးရဲ့
ဝံ့ဝံ့ရဲရဲ သူ့ရင်ဘတ်ကို တံဆိပ်ကပ်လို့
အချစ်ဟာ ဧဒင်ဥယျာဉ်ကနေ
မိတ္တူ ကူးခဲ့ကြောင်း အစီရင်ခံရင်း

ရေလည်းသုံးနေကြ တဲ့ စကား
ချစ်တယ်လို့ အကြိမ်တစ်ထောင်တိတိပြောလိုက်တယ်
တဏှာညွှန့်လေး ဆွတ်ယူချင်တာ

အဲ့စကားပေါ့
ပရိယာယ် ကြိုးတွေနဲ့
လောကကိုမင်းမူ လို့

ကျွန်တော် ပြောခဲ့တယ်
အတိအကျပြောခဲ့တယ်
အမိအရ ပြောခဲ့တယ်

ဒါမယ့်လေ.....
စိတ်ရထားတွဲ လမ်းချော်နေတုန်ပဲ

လင်းဆက်ပိုင်


Posted via Blogaway

Comments