ပြန့်ကျဲ ကဗျာ အလေအလွှင့်များ
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
တင်သွင်းပြီးသမျှတွေအဆုံးမသတ်ခင်
ထပ်မံတင်သွင်းခြင်းဖြစ်စဉ်တစ်ခု
ဂင်းနစ်မှတ်တမ်းမှာစာရင်းပြုစုဖို့
တွေးခေါ်မှု့တွေစိတ်ရိုင်းသွင်းချိန်မှာ
စိတ်ထိန်ချုပ်ရေးသဘောတူစာချုပ်
ခေါင်းငြိမ့်တက်ခြင်းနဲ့လမ်းလျှောက်သင်ပေးရင်း
ယုံကြည်ချက်သစ္စာကြမ်းတွေနဲ့
ဘဝကျောင်းတော်ကြီးကစာအုပ်အဟောင်းကြီးတဲ့
ကန့်ကွက်မျက်ဝန်းတွေကျယ်ပြန့်
ရှုပ်ထွေးနေတာ လှည့်ပြန်ခဲ့တယ်
အမြဲလင်းဒေသဘယ်မှာလဲ။
အဲ့ဒီစကားလိုအပ်ရင်ပြန်ပြင်ပေးဖို့အဆင်သင့်
စကတည်းက ကားနေတဲ့စကားများ
ကတိတည်ပါသလား
စကားလုံး ပေါက်ပေါက်ဖောက်
လမ်းခရီးတလျှောက်ငေးမနေနဲ့ ဟ
ဘဝဆိုတာရွေ့လျားမှတ်တိုင်မျိုးလား
စကားတွေခရီးရောက်ပါ့မလား
သားဖိနပ်တွေပါးနေပြီမေမေ
လူတစ်ကိုယ်လုံးချွေးစော်နံနေတာပဲ။
လမ်းလယ်ခေါင်မှာဟွန်းသံတညံညံ
ပလက်ဖောင်းဓာတ်တိုင်အောက်
အရောင်လွင့်မျက်လုံးတွေ
စီစီ ရီရီ အလေ့ကျပေါက်နေတာ
မသိချင်ရောင်ဆောင်နေကြ
ဝမ်နည်းမှု့တွေမျိုးချ
အမှန်တရားဟာခြေထောက်မရှိ
လှောင်ရယ်ခြင်းနဲ့ဘဝကိုစ
အဲ့ဒီ့လှိုင်းလူးတွေကိုစိတ်နာတယ်။
ကံကြမ္မာ က
ထောင့်မှန်ရှာမတွေ့တော့တဲ့
သီအိုရီ နဲ့
ဒုက္ခ ရဲ့ မီးခိုးငွေ့များနဲ့
မိုးစက်များရွာ ရွာချတယ်
ကမ္ဘာ မြေ ပေါ်
စိတ်ပျက်ခြောက်ခြားစရာ
ရှူ့မျှော်ခင်းများအတွက်
သက်တံလှေကတော့တမျှော်တခေါ်
အော်မကြားခေါ်မကြား
လွင့်နေအောင် လွင့်ထားတာ
သံသရာကအပြန်တရာမကရှည်
လစ်ဟာဆုံးရှုံးမှု့လို့တံဆိပ်ကပ်ထား
ညံဖျင်းဖျင်းဇာတာ။
ကြွေကျသွားတဲ့ပန်းပွင့်ထက်
အဖြတ်ခံရတဲ့ရေသောက်မြစ်
လွမ်းမောစရာဘဝတေးတွေသီကျူး
ရင် ကွဲ နာ လို့
ဘဝကိုခေါင်းစဉ်မတပ်ချင်တော့ဘူး။
တတောလုံးကတော့မြိုင်နေတာပဲ
ရင်ကွဲသံတွေလှပသေသပ်
ကြေကွဲခြင်းတွေလှပါရဲ့ကွယ်
ပျော်နေပုံများ
အရည်တစက်စက်နဲ့
ခိုက်ခိုက်တုန်မေးခြင်းရိုက်သံ
တတေားလုံးမှိုင်းတိုက်တယ်။
ခဏခဏပျောက်နေတာ
ဘယ်မှာရှာရမလဲ
မေးခွန်းအတွက်ပဲ့တင်သံပြန်မလာဘူး
အသံမဲ့ဇုန်မှာ
ဖြတ်ခနရုတ်ခနဲ
အူလှိုက်သဲလှိုက်အနာတရတွေ
အားပါးပါးခါးလှချည့်ရဲ့။
ကိုယ်တိုင်မသိချင်းတွေနဲ
အရာအားလုံကို
ပျော်စရာပဲယက်လုပ်ချင်ခဲ့
မျှော်လင့်ခြင်းလင်းလက်ဖို့
အာရုံတွေခ၀ါချ
လေးလန်လွန်းလို့ခါချကာမှ
မသိခြင်းမရှိခြင်းတွေက
ထွေး ရစ် ငင် ပတ်
အဆောင်အယောင်မျက်လုံးတွေ
မာနတွေလဲနိစ္စဓူဝ
ခေါက်ခေါက်သိမ်းနေရပေါ့။
စိတ်တံခါးကိုဆွဲဖွင့်
ပန်ခင်းတွေပေါ်ခုန်ဆင်း
နှလုံးခုန်သံဟာသွေးစိမ်းရှင်ရှင်
ကံကြမ္မာ တီးလုံးတွေ ချိန်ခွင်ပေါ်မှာ
ချိန်ကြည့်တဲ့အခါ
ခွဲခြမ်းစိတ်ဖြာ
အတ္တကိုစီ
အပြိုင်အဆိုင်တာက်လောင်နေကြ
အမှန်တရားဆိုတာ
အမှန်တရားပဲ
မျက်ကန်းမှန်သမျှဟာ
တစ္ဆေ မကြောက်သူတွေလား။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment