အိပ်မက်ယောင်ဆောင်တဲ့ည
လင်းဆက်ပိုင်
ရင်ဘက်ထဲက လိမ့်တက်လာတဲဖုန်လုံးတွေ တလိမ့်လိမ့်
အသက်ရှူမှု့များ မီးခိုးကြွက်လျှောက် ရှည်လျား
သွေးလှန့်မှု့ဟာအချိန်တိုင်းမဖြစ်နိုင် တစ်သက်မှတစ်ခါလောက်ပေါ့
ခပ်စိမ်းစိမ်မီးပွိုင့် အမှောင်ထဲမှာ ရပ်နေပုံ
ညှာညှာတာတာ အသဲနှလုံးကို မေးမေးပြီး စစ်ကြောရေးမှာစစ်သလိုမျိုး...ပြီးမှ ကျမက ရှင့်ကိုချစ်လိုက်ရတာ ရှင်မှမသိပဲတဲ့...
ဟော့ဒီ့မှာ အသဲနှလုံးတိုင်း ကရိယာတဲ့
ရှင့်ကိုယ်ငွေ့နဲ့ ထုတ်လုပ်ထားတာ ရှင်ကလေ...
ကျနော် သေဆုံးချိန်မှ သူစကားလုံးအမှန်တရား
ထွက်ကျလာ......
အိပ်မက်ယောင်ဆောင်တဲ့ညက အဖြစ်အပျက်တစ်ခုပါ
မေတ္တာ ကို ယုန်ရုပ်ရေး ထုထည်တည်ဆောက်ပုံ
သစ်ရွက်ကြွေချိန် လေဖိအားအကြောင်း
အနားတွေ အားလုံအား ဘေးမဲ့တောမှာအေးစက်နေကြပုံ ....မက်စောက်လွန်းတဲ့အသိတရားများ
ကျွံကျပုံ ပုံ ဟာ ပန်းချီမဟုတ်ပုံ
ပင်လယ်ဟာ မယာမကြွယ်ဝရင် ပင်လယ်မမည်ပုံများ
ကျွန်တော့ ရယ်သံ အသက်ရှူကြပ်သွားပုံများ...
ကျောက်မီးသွေးခေါင်းကြီးနဲ့ရထား ပင်လယ်ဖြတ်သန်းသွာပုံများသာ..
Posted via Blogaway
Comments
Post a Comment