ရှာဖွေစရာမလိုတော့ပါ
:-P :-P :-P :-P :-P :-P :-P :-P
မကြာသေးခင်ကနွေဦးလေး
ငါ့နှလုံးသားထဲကရုတ်ခနဲခုန်ထွက်
လန်းအိုလမ်းဟောင်းတွေပေါ်မှာ
ငါကရွက်ကြွေ တေလေရွက်ကြွေတစ်ရွက်
နွေလေရူးနဲ့လွင့်နေတယ်။
တံလျပ်နေ့စွဲများမှာ
တည်ငြိမ်ရင်ကျက်ဖို့မပြည့်စုံသေးတော့
ကဗျာတွေရေးကာငေးရီလို့
နင်ရှိရာအရပ်က မြေပုံထဲမှာရှာမတွေ့
ကိုလံဘတ်လိုငါကလေနယ်ပယ်သစ်မရှာချင်
နယူတန်နိယာမ က
ဘာာ ဘာတဲ့ အမှန်တွေမှားနေတာ။
မေတ္တာ နားလည်မှု့ သစ္စာ
အာရုံတွေထပ်တူကျမှလား
အချစ်ကိုအာရုံခံစားမှု့လို့ တံဆိပ်ကပ်မလား
မဟုတ်သေးဘူး။
အချစ်ဟာ အချစ်ပဲလေ
ငါလိုချင်တာ အနမ်းလဲမဟုတ်
ပိုင်ဆိုင်ခြင်းမဟုတ်
အရာအားလုံ ရဲ့ အပြင်ဘက်ရဲ့
အပြင်ဘက်က အစွန်အဖြားလေးကနေ
သီးသန့်  ဖြစ်တည် ချစ်တယ်ဆိုယုံလေး။
နင်သိခြင်းမသိခြင်းတွေမလိုအပ်
ရိုးရိုးလေးပဲ အံသြစရာ ကောင်းတယ်
ဒိုင်ယာရီ ထဲမှာတော့စကားလုံးအဟောင်းတွေ
မိုးရွာထဲမှာဘောလုံးကန်နေတယ်။
သတိရအလွမ်းများ ခဏခဏ
လမ်းမသလားဖို့ ငါ့ အတ္တ၀ါဒီတွေ
ဟန်ဆောင် ရယ်မောနေရ
ကို့အရသာနဲ့ကိုယ်ပေါ့ဗျာ
လေဟာနယ်ထဲလွင့်နေရင်း
နုညံခြင်းသံသရာဟာရှည်လျား
လှပလို့ ။
ငါက တေလေရွက်ခြောက်ပေါ့။
Comments
Post a Comment