လင်းဆက်​ပိုင်

ရင်ထဲက ပဲ့တင်သံ တင်သွင်းခြင်း
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဆင်းရဲခြင်းအသစ် ချမ်းသားကြွယ်ဝလာတယ်
အလွတ်ကျက်မှတ်ထားတဲ့ ဘဝအတွက်
ဝမ်းနည်းကြောင်း သ၀ဏ်လွှာရေးရမလား။

ကိုယ်အသံ ကိုယ် တခစ်ခစ် ထစ်လိုက်တယ်
ကိုယ်စိတ်ကို အမိန့်ပြန်ပေး ဦးမော့ခိုင်းလိုက်ရ
အစာအိမ်ဟာ တွေးခေါ်ဖို့ ခေါင်းသိပ်ရှုပ်တယ်

တံလျှပ်ထတဲ့လမ်းပေါ် ဖိနပ်ပျာက်ရှာရတာ
သေချင်စော်နံအောင် လှတာပေါ့...
အရိပ် ရှိကိုရှိရမယ်ဆိုတဲ့ မက်လုံးနဲ့
ဘဝကို ကျားကန် ဆင်ကန် ခြင်္သေ့ကန် (ခံ)ထားရ

ဇိမ်နဲ့ အချိုးအကွေ့တွေ အရသာခံ
အဖိတ်အစင်များတဲ့ ၀ါကျတစ်ကြောင်း
ဘယ်သူရေးတာလဲ....
ငါတို့ချွေးတွေ သိမ့်မွေ့ချင်ပြီ...

ငါ့အသက်ထက်အရေးကြီးတဲ့ စကားလုံး
ရထားမထွက်ခင် တင်သွင်းရမယ်
ငါ့စိတ်ဖောက်ပြားပြီး အစီအရီ တင်သွင်းလိုက်မယ်
ငြိမ်း ချမ်း ရေး.....ငြိမ်း ချမ်း ရေး ...ငြိမ်း ချမ်း ရေး

လင်းဆက်ပိုင်


Posted via Blogaway

Comments