လင်းဆက်​ပိုင်

ငါ့ လ္ဖက်ရည်ထဲက အငွေ့အသက်
♥ ♥ ♥ ♥ ♥ ♥ ♥
ညွှတ်ကျလာတဲ့ နေခြည်အောက်မှာ
အဆုပ်လိုက် အခိုင်လိုက် ပွင့်နေပုံ
လ္ဖရည်သောက်ရင်း ငုတ်တုပ်ကြီးကို ...
ငွားငွား ၀င့်ဝင့် တင့်တယ်လိုက်တယ်..

ဒီလို နံနက်ခင်းနဲ့ စ ....
နေခြည်စနဲ့ ၀င်ရောက်လာတဲ့
နုညံ့မှု့ နက်ရှိုင်း စွာ
တယုတယရှိုက်သွင်း
ငါ့အနုပညာကို လာငြိနေခြင်းပဲ....

ထိုခဏမှာ လေထုသတိလစ်
ကဗျာအသက်မရှူပဲ ဦးဏှောက်ဆဲလ်များ ဖုထစ်
မြန်နှုန်းမြင့် ပေါက်ကွဲလိုက်တာ .....
အတွေး တိမ်းညွတ်မှု့တစ်ခုပါပဲ

မျက်ဝန်းအပြုံးတစ်ခုလား ထင့် လင့်

စနစ်တကျ မဟုတ်
ခဏအတွင် ဖြစ်ပျက်မှု့ စာစီစာကုံး
စံတွေ ဘောင်တွေ ကျော်လွှားကာ
ငါ့နုညံ့မှု့ သေးသိမ်စွာ....သတိပြန်လည်တော့
ယောင်ဝါးဝါး ပုံရိပ်တချို့.....
ကဗျာပြီးဆုံးကြောင်း လက်မှတ်ထိုးလိုက်တယ်

လင်းဆက်ပိုင်


Posted via Blogaway

Comments