ယုန်​​လေးသို့

ယုန်လေး.......သို့
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
တိမ်ရဲ့ပျံသန်းခြင်းဘာနဲ့မှမငြိပေမယ့်
သူတို့က ငိုတက်တယ်။
ယုန်လေးရဲ့ပျံသန်းခြင်းကရော ....
ဘဝဆိုတာ အဓိပ္ပါယ် ဖွင့်ဆိုဖို့ အချိန်မရှိဘူးလေ
ဝမ်းနည်းစရာတွေမေ့ထားပါ *သတိရပါ*
ဝမ်းမနည်းပါနဲ့ကွာ...
ဆုံဆည်းခြင်းဟာ ကံရှိသလောက်ပေါ့
ရွှေတောင်ကြီးပေါ်မှာခုန်ပေါက်မြူးတူးစွာ
ပျော်ပါခဲ့ဖူးပြီလေ....
အဲ့ဒါကြီးကိုပဲ တမ်းတမ်းစွဲ ဆုပ်ကိုင်ထားလိုမှမရတာ...
ပျော်စရာပဲတွေးပါကွယ်...
ယုံကြည်ရာ ကို လျှောက်လှမ်းဖို့အတွက်ဆို
စိတ်ဓာတ်ခိုင်မာဖို့ ပြင်းပြတဲ့ဆန္ဒတစ်စုံ
အပြင် ကျန်မာရေးလည်းကောင်းဖို့လိုအပ်တယ်နော်...
ယုန်လေးရေ
စိတ်ဆိုတာ အလိုလိုက်လို့ကောင်းတဲ့အရာမဟုတ်ဘူးကွယ် ...
စဉ်းစားပါ အကျိုးရှိ မယ့် တွေးတောဆင်ချင်မှု..့
စိတ်စွဲ ဆိုတာ ချွတ်ရတော့ခက်သား....
ဒါမယ့်လေ...
မဖြစ်နိုင်တာကို တမ်းတမယ့်အစား
သတိရတိုင်းကြိုးစားပါ ပန်းတိုင်ကိုသွားမယ့်နေရာမှာအားဖြစ်ပါစေနော်....
ဒီလိုပဲလေ မကြုံချင်လို့မရတဲ့လမ်းကိုအားလုံးလျှောက်နေကြရတာပဲ..
F ငြိမ်းချမ်းနေပြီလေ ကိုယ်ကသာပူလောင်နေတာလေ...
ကိုယ့်မီးကိုယ် ဘာလို့ပျိုးမလဲကွယ်
ကိုယ်ရောဂါနဲ့ အဲ့လိုနေလို့မရမှန်သိသိကြီးနဲ့...
သိုးမည်းမလေး လုပ်မလို့လား...
ယုန်ဆိုတာ ပညာရှိတယ်လေကွယ်.နော်...
ယုန်လေးရေ
ကိုယ်မခံစားရလို့ပြောတာမဟုတ်ဘူးနော်
ထပ်တူခံစားရပါတယ်...
သင်္ခါရ တွေ လေ ..
၅မိနစ် ပေါ့ နော်...
အမြဲလုပ်ပါ ပြောပါရစေနော်
ချစ်ခြင်း များစွာဖြင့်
ယုန်လေး........သို့
လင်းဆက်ပိုင်


Posted via Blogaway

Comments