စံပယ်​ပုံပြင်

ကျနော် ထစ်ထစ်ငေါ့ငေါ့နဲ့ပဲမေးလိုက်တယ်  စံပယ် စံပယ်
ကျနော့ရဲ့ စံပယ် ဘယ်မှာလဲပေါ့

ညီမလေးက ငိုတယ် ဖေဖေက အံတစ်ကြိတ်၂နဲ့. မေမေကို သတိပေးနေသလို နောက်ဆုံး

ကျနော့ရဲ့ တောင်းဆိုမှုကြောင့်ပဲလား
သိချိန်တန်လို့ သိခဲ့ရတာလားဆိုတာတော့
ခင်ဗျားတို့ပဲ စဉ်းစားပေးကြပါ

စံပယ်သေပြီတဲ့လေ နှလုံးရောဂါအခံနဲ့
ကျနော် ၇ွာကထွက်ပြီး ၆လအကြာ လူလောက က အပြီးသတ်  ထွက်ခွာသွားသတဲ့..

မျှော်လင့်ခဲ့ရတဲ့ အိမ်မက်တွေ ကျိုးကျေကုန်ပါပြီဗျာ ဒီလိုမျိုးအဆုံးသတ်
ကျွန်တော်လည်းမလိုချင်ပါ ချစ်လှစွာသောစံပယ်တစ်ယောက် ရွာနောက်ဖက်က
အုတ်ဂူဖြူဖြူလေးထဲမှာ အေးချမ်းစွာ အိပ်စက်နေပါသတဲ့
ပြောရက်လိုက်ကြတာ...

အချိန်က မနက် ၄နာရီ မိုးကလည်းဆွေဆွေ လေကလည်းသွဲ့သွဲ့
ကျွန်တော် မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့်

စံပယ်အုပ်ဂူလေးရှိရာကို သွားရှာမိတယ်
ခဏတာပွင့်သွားတဲ့ လျှက်စီးကြားမှာ ဖြူလွှလွှအုပ်ဂူတစ်လုံးက ရင်ထဲက ပရိဒေ၀မီးကို ပို၍လောင်မြိုက်စေခဲ့တယ်
(မေစံပယ် အသက် ၁၇)တဲ့လေ
တွေ့လိုက်ပါပြီ မြင်လိုက်ပါပြီ

ကြွေလာတဲ့ မျက်ရည်တွေဟာ မိုးစက်တွေနဲ့ ရောသွား ခပ်သဲ့သဲ့ရိုက်သံတွေဟာ မိုးချိမ်းသံကြား
လက်ကနဲပွင့်သွားတဲ့ လျှက်ပန်းတွေဟာ
သူမရဲ့ (မေစံပယ် အသက် ၁၇ နှစ်)ဆိုတာကိုပဲပြနေသလို ပြီးတော့ ပြီးတော့

ကျွန်တော့ဘေးမှာ တစ်စုံတစ်ယောက်ပဲ ရပ်နေသလိုလို ဟိုလိုလို ဒီလိုလိုနဲ့ပဲ     ညိုနေတဲ့တိမ်စိုင်တွေဟာ စဲသွားခဲ့ပါတော့တယ် မျက်ဝန်းက ပုလဲရည်ဥတွေကတော့ စိုလက်နေဆဲ .... ။

ကျွမ်း သူ့ ဆု တောင်း
*********************

စံပယ်နွဲ့ရယ်  မိုးနဲ့အတူ ဆို့နင့်စွာလေ
ဝေဒနာတွေ အပိုင်ပေးခဲ့တာလား
အဆွေးမိုးများလဲ  ရင်ထဲမှာ ရွာခဲ့ပြီ…စံပယ်။

မောင့်ကိုချစ်ကြောင်း  တစ်ထောင့်တစ်ည
သာဓက တွေလည်း   ပြော ပါဦးလေ
နွမ်းကြေတဲ့အချစ်နဲ့ နုတ်ဆက်နေသလား
ကျွမ်းစေတဲ့ အဖြစ်နဲ့ နှိပ်စက်လေသလား…စံပယ်။

မျှော်လင့်ချက် အိမ်မက်များလည်း အားလုံးပြိုလဲ
ခက်ခဲတဲ့ ဘဝလမ်းထက် လက်တွဲပျက်ခဲ့ပြီ
အတူနေခွင့်လေး
တမလွန်မှာ ပျော်ရွှင်စွာ နေရစ်ပြီလား…စံပယ်။
ဘဝနဲ့လဲချင်သေးလည်း
ကြင်နာစွာ တစ်သက်တာ ချစ်ခြင်းများက
ကြေကွဲစွာ တစ်ဘဝစာ အကြွင်းများလား
နောက်ဆုံးအဖြစ်  နုတ်ဆက်ရင်းနဲ့
နောင်ဘဝဆိုတာ  ရှိခဲ့ပါရင်
မောင်ကျွမ်းသမျှ  ချစ်ရ ပါစေသား…စံပယ်။

ကဗျာရေးပေးတဲ့ အကို ညီနဲ့ အကိုလင်းကိုလည်း ကျေးဇူးပါ

ဖူးသစ်...ရွှေမှော်ဝန်

Comments