ဘူတာအိုနဲ့ရထားပျိုးမ​လေး

ဘူတာအိုနဲ့ ရထားပျိုမလေး
★ ★ ★ ★ ★ ★ ★ ★ ★
ပျိုမြစ်တဲ့ ရထားမလေးကို မျှော်နေတဲ့
ငါ.....ဘူတာအိုလေးပါ

ဘယ်အချိန်ဆိုက်ကပ်မယ်မသိတဲ့
ရထားမလေးကို မြင်ကွင်း တစ်ဆုံး ငေးရီလို့

စက္ကန့်မလပ် စောင့်ခဲ့တယ်

ရာသီဥတု ဆိုးရွားပုံများ

တပြိုင်တည်း နွေ မိုး ဆောင်း

တံလျှပ်ထ မိုးရွာ ဆီးနှင်းကျ တချိန်ထဲ

ဖြစ်တည်နေတယ်

ကြံ့ကြံ့ခံရင်း

ရထားပျိုမဒန်းမလေးကို

စောင့်မျှော်နေဆဲ.....

ရာသီဒဏ်ထက်ပိုတဲ့ ဝေဒနာ

ရင်မှာဖြစ်တည်

ရထားမလေး

စက်ချွတ်ယွင်းနေသလား

ဖျားနာဆောင်ရောက်နေသလား

တွေးးးး

လက်ပတ်နာရီမကြည့်

ပြက္ခဒိန် မရှိ

ဆိုက်ရောက်ချိန် ငါမသိ

ငါ့လက်ထဲမှာ

မသိခြင်းသာ ဆုတ်ကိုင်လို့......။

         လင်းဆပ်ပိုင်


Posted via Blogaway

Comments